အပိုင်း ၄၄

2.8K 62 2
                                    

ep 44

မုန်းတို့ အိမ်ကြီးထဲတွင် လူများအလွန်စည်ကားနေသည်။ အဝတ်အစားများတောက်ပြောင်စွာနဲ့လူကြီးတွေ ပိုးထည်အကောင်းစားတွေ ချိတ်လုံချည်အကောင်းစားတွေနဲ့ လက်ဝတ်ရတနာများ ဝတ်ဆင်ထားသော လူကုံတန်အသိုင်းဝိုင်းက ပိုက်ဆံရှိ သူဌေးတွေနဲ့ သူဌေးကတော်တွေဟာ ကားအကောင်းစားတွေနဲ့ မုန်းတို့အိမ်သို့လာရောက်ကြသည်။

မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီး Mone Group ရဲ့ CEO ဦးမုန်းတံတိုင်း နဲ့ မောင်လွန်းစစ်သွေးတို့ရဲ့ သားရတနာလေး မုန်းမဟာသွေးရဲ့ ရက်တစ်တရာပြည့် အထိန်းမှတ်ပွဲအား လာရောက်ကြခြင်းဖြစ်သည်။

ကလေးတွက် လက်ဆောင်များဟာလည်း တန်ဖိုးကြီးမားစွာပေးကြသည်။တချို့ကလည်း ဖားသည့်အနေနဲ့ပေးကြတာပေါ့။

အိမ်ကြီးရဲ့ခြံဝန်းထဲမှာသာ ဧည့်ခံကျွေးမွေးတာဖြစ်ပီး အိမ်ထဲတွင်တော့ မည်သူမှ အဝင်မခံပါ။ceoမုန်းရဲ့ ခြံထဲရောက်ဖူးတာတောင်အတော်ကံကောင်းလှသည်လို့ပြောရမည်။

"ပါးပါးသား မဟာလေးက လှလှပြင်လို့ပီးသွားပီ"

သားကို အဝတ်စားလဲပေးနေတဲ့ မုန်းရဲ့ဘေးက​နေလွန်းက သားအား မြူနေသည်။

"လွန်း အဝတ်စားလဲတော့လေ "

"ဟုတ် ...ကိုကို"

မုန်း သားအား ပွေ့ချီကာ ဖင်လေးအား အသာလေးပုတ်ပေးနေသည်။

"လွန်း အဲ့တာက အဲ့လိုဝတ်ရတာမဟုတ်ဘူးလေ မှားနေတယ်"

"ကိုကိုကလည်း မမှားပါဘူး ဒီတိုင်းမှန်ပါတယ်"

"ဟုတ်လို့လား လွန်းရဲ့ ကိုကို့အထင်မှားနေသလိုပဲ"

"မှန်တယ် ကိုကိုရဲ့"

"ပီးတာပါပဲဗျာ မှန်ရင်လည်း"

"အဲ့..အဲ့..အူဝဲ"

သားငိုသံကြားလို့ ကြည့်လိုက်တော့ သားကမျက်နှာလေးရှုံ့မဲ့ကာ တခုခုကို ခံစားနေရလိုဖြစ်နေသည်။

"ကိုကို မဟာလေးက ဘာလို့ငိုတာလည်း"

"ခနလေး လွန်း"

သားကို အိပ်ရာပေါ် ခနချကာ ဘောင်ဘီလေးချွတ်ပြီး ကြည့်လိုက်တော့ အီးအီးများပါထားတာဖြစ်သည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now