အပိုင်း ၂၈

2.5K 67 6
                                    

EP 28

ဟန်လင်းရောင် နောက်ကိုမျှော်လင့်တကြီးလှည့်ကြည့်လိုက်မိသည်။

ဟုတ်သားပဲ သူမျှော်လင့်ထားသူက ဘလိုလုပ်ဖြစ်နိုင်မလဲ။စိတ်ပျက်သွားပင်မယ့်ဟန်ဆောင်ကာ

"မောင် လွှတ်ပါ သူများအိမ်မှာအဲ့လိုမလုပ်ပါနဲ့"

"မောင်က ရောင့်ကိုသတိရနေတာ"

ဟန်လင်းရောင် ပြည့်စုံအောင်ပါးအားကိုင်ကာပြုံးပြပီး

"မောင်ရယ် ရောင် လည်းမောင့်ကိုအရမ်းလွှမ်းနေပါ အင့် အဟင့်"

ပြောရင်းငိုမဲ့မဲ့ ဖြစ်လာတဲ့သူကြောင့် ပြည့်စုံအောင် စိတ်မကောင်းချေ။အဲ့တာမောင်အသုံးမကြလို့ပါရောင်ရယ် မောင့်အပစ်တွေပါ။

"မောင်လေ မာမီတို့ဆီကနေမရရအောင် မောင်ရုန်းထွက်မယ် ပီးရင်မောင့်အစွမ်းအစနဲ့ ရောင်နဲ့မောင် နှစ်ယောက်တစ်ဘဝတည်ဆောက်ကြမယ်...မောင့်နောက်ကိုလိုက်ရဲတယ်မလားရောင်"

ဟန်လင်းရောင် မျက်နှာပျက်သွားသည်။သူလိုချင်တာက ပြည့်စုံအောင်မိဘဆီကအမွေ ပြည့်စုံအောင်ကိုမဟုတ် အစကမိဘတွေခွဲလို့ သဘောမတူတဲ့သူကို အမွေတောင်းခိုင်းကာ သူနဲ့နေဖို့ အခုကြ အမွေမတောင်းဘူးတဲ့။

"မောင်ရယ် ရောင်...ကြောက်တယ် မောင်မိဘတွေကို ရောင် ကြောက်တယ်မောင်ရဲ့.. အဟင့်"

"မောင်ရှိပါတယ်ကွာ မောင်လေ ရောင့်ကို ကာကွယ်ပေးမှာမို့ မောင်နဲ့လိုက်ခဲ့ပါ"

"ဟင် မလိုက်ဘူး...ဟို...ဟို..မောင်ကိုရောင့် ကြောင့်ဒုက္ခရောက်မှာကို ရောင်မလိုချင်ဘူး လေ အဲ့တာကြောင့်ပါ"

"မဟုတ်တာရောင်ရယ် မောင်ရွေးချယ်ထားပီးသားလမ်းလေ အခုမောင်လေ တိုက်ခန်းလေးတခန်းငှားထားတယ် ရောင်နဲ့နေဖို့ ပီးတော့မောင်တို့ တရားရုံးမှာလက်ထက်ကြမယ် ပီးတော့မောင်အကိုမုန်း company မှာလည်းအလုပ်ရှိတယ် မောင်ရောင့်ကိုဝအောင်ကြွေးပီး လှအောင်ဆင်နေပါတယ်ဗျ"

ဟန်လင်းရောင် အကြပ်ရိုက်နေသည်။မဖြစ် သူလိုက်သွားလို့မဖြစ်ပါ မလိုက်လည်းမလိုက်ချင်ဘူး ဘာမှမရှိတော့တဲ့လူတစ်ယောက်ကို သူမလိုအပ်တော့ဘူးလေ။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now