အပိုင်း ၃၄

2.7K 68 6
                                    

ep 34

လွန်း မုန်းသောင်းကြမ်းထားတာကြောင့် အပြန်ကားမမောင်းနိုင်တော့လို့ ဘေးကနေအိပ်လိုက်လာသည်။ အိမ်ရောက်တော့လည်း မုန်းကပဲပွေ့ချီပီးအခန်းထဲသိပ် သန့်ရှင်းရေးလုပ်ပီး သူပါလွန်းကိုရင်ခွင်ထဲထည့် အိပ်လိုက်တော့သည်။

............

"ဟာ ကိုကိုကလည်းကွာမရဘူး မရဘူးလွန်းစားချင်နေတဲ့ဟာကို လာမတားနဲ့"

"ဟောဗျာ အချစ်ကလေးရယ် ကိုကိုက မစားစေချင်လို့ပြောတာမဟုတ်ပါဘူး အချစ်လေးဗိုက်အောင့်မှာဆိုးလို့"

"အီးဟီး.. ကိုကို ကလွန်းကိုမချစ်တော့ဘူး သူများစားချင်တာကို ပေးမစားဘူး ကပ်စီးကုပ်နေတာ အီဟီး...အင်းပေါ့အချိန်တွေကြာပီဆိုတော့ အချစ်တွေပေါ့ကုန်ပီပေါ့ အီဟီး"

မျက်ရည်တွေရော နှပ်ရေတွေရောပါထွက်အောင်ငိုနေတဲ့ လွန်းကြောင့်ceo မုန်းကြီးခမျာ ပြာယာခက်နေရပီဖြစ်သည်။

"လွန်းကလည်းကွာ ကိုကိုက လွန်းကိုချစ်တာပေါ့ အခုဟာကအရမ်းစပ်လို့ပြောနေရတာလေကွာ ခများလေးကို မချစ်လို့မဟုတ်ရပါဘူး"

မုန်းပြောနေတဲ့လေသံကိုသာ တခြားသူတွေကြားရင်သွေးတက်ပီးသေလောက်တယ် အေးပေါ့လေအခုပြော​ေနတာတခြားသူမှမဟုတ်တာ လွန်းစစ်သွေး ဆိုတော့ မုန်းတံတိုင်း ရဲ့အချစ်တော်လေးကိုး။

"အီးဟီး...ခများလေးတဲ့...လူကိုခများတွေဘာတွေနဲ့ အီးဟီး...သေချာပါပီ ကိုကိုကလွန်းကိုမချစ်တော့တာ အီးဟီး"

မုန်းခမျာ ရှေ့ကသရက်သီးသုတ်ပန်းကန် စားပွဲပေါ်ပြန်ချပီး  စားပွဲကြီးပေါ်မျက်နှာအပ်ပီးငိုနေတဲ့လွန်းကို ပခုံးကနေဆွဲယူတော့ အတင်းရုန်းနေသည်။

"လွန်း ကိုကို့ကိုကြည့် ကလေးလေးကလည်း ကွာ ကိုကိုကြည့်လို့ အချစ်လေးရေ ကိုကို့အသဲအသက်လေးကလည်း"

"အီးဟီး...တွား ကြည့်ဝူး ခေါ်နက်"

"တကယ်မကြည့်ဘူးလား"

"ကြည့်ဝူး"

"ဟုတ်ပီလေ လွန်းက မမြင်ချင်တော့ရင် ကိုကိုကထွက်သွားပါ့မယ်"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now