တစ်ခါက ၁

376 8 2
                                    

Uni

ကြည်လင်နေသော မိုးကောင်းကင်ကို ငေးကြည့်နေရင်း မျက်ဝန်းထောင့်မှာ မျက်ရည်များစီးကျလာလေသည်။

နေမသာ မိုးမအုံ့သော အခြေအနေက သိပ်ကို အေးချမ်းလွန်းသည်။
မြစ်ကမ်းဘက်နား ရောက်နေခြင်းကြောင့် အေးမြသော လေလေးများကလဲ တဖြူးဖြူး တိုက်ခတ်နေသေးသည်။

ဒီလောက်ဆိုရင်တော့ ဘဝကြီးထဲကနေ ထွက်သွားဖို့ လုံလောက်ခဲ့ပြီမဟုတ်လား.......

'ဗွမ်းးးးးး'

တဖြည်းဖြည်းနစ်မြုပ်သွားသော ခန္ဓာကိုယ်........
.
.
.
.
.
Time Back......

"ကိုကို.....သားလဲဆော့မယ်..."
"လာလေ ညီ...." ခြံဝန်းထဲတွင် ဘောလုံးကန်ကာ ဆော့ကစားနေသော အသက် ၁၇နှစ်အရွယ်ကောင်လေးကို အိမ်ကြီးထဲကနေ ထွက်လာသော အသက် ၁၀နှစ်အရွယ်ကောင်လေးမှ လှမ်းအော်ပြောလေရဲ့...

လာလေ ဆိုတာနဲ့ လှုပ်တုတ်တုတ်လေး အနားသို့ရောက်လာကာ
"သားလဲ ကန်မယ်နော်ကိုကို.."
"ကန်စေဗျာ...."

ဆိုပြီး နှစ်ယောက်သား ခြံဝန်းထဲတွင် ဆော့နေကြလေသည်။

တစ်ချိန်ထဲဆိုသလို နေသာရင်းနဲ့မှ မိုးတွေ အုံ့လာကာ မိုးများရွာချတော့သည်။ ရုတ်တရက် ဆိုသောကြောင့် ၁၇နှစ်အရွယ်ကောင်လေးမှာ ၁၀နှစ်အရွယ်ကလေးလေးကို ပွေ့ချီပြီး အိမ်ထဲသို့ပြေးဝင်သွားလေသည်။

ခြံကျယ်သော အိမ်ဖြစ်တာကြောင့် နှစ်ယောက်သား အမိုးအောက်လဲရောက်ကော စိုကာရွဲသွားတော့သည်။
၁၇နှစ်ကောင်လေးကတော့ ၁၀အရွယ်ကောင်လေးဆီမှ ရေများအား ခါချပေးကာ...
"အဝတ်မြန်မြန်လဲရအောင် တော်ကြာ အပူရှပ်နေမယ်"
"ဟုတ်"

လက်ကလေးတွေကိုင်ကာ အပေါ်ထပ်သို့ တပ်သွားကြလေသည်။
ထို့နောက် အဝတ်အစားလဲကာ တစ်ခုခုစားရန် အောက်ဆင်းလာကြပြန်သေးသည်။

"ကြီးစိန် သားကို ခေါက်ဆွဲလေးပြုတ်ပေးပါလား"
"အေးအေး သားလေး"
.
.
.
ခေါက်ဆွဲရတာနဲ့နှစ်ယောက်သား စားကြလေသည်။
ထိုနောက်...
"ဟက်ချိုးးးကိုကို..သားနေလို့မကောင်းဘူး"
"ကိုယ်တွေနွေးနေပြီ...ဖျားတော့မလားမသိဘူး...ကြီးစိန် ရေ....ညီ ဖျားတော့မယ်ထင်တယ်"

တစ်ခါက (ခေတ္တရပ်ထား)Where stories live. Discover now