Part 30

1.7K 84 8
                                    

"အားးးးးးးး!"

နန်းနန်းကိုလိုက်ရှာရင်း ဧည့်ခန်း ဘက်ကို လျှောက်လာရာမှ ခုံအောက်တွင် နန်းနန်းကသွေးတွေနဲ့မေ့နေတာကြောင့် လန့်၍အော်မိခြင်း ကိုယ်ဝန်နဲ့မို့ ထိန့်လန့်စရာတွေဆိုလက်မခံနိုင် အရင်ကတည်းကနှလုံးအားနည်းတဲ့ရိပေါ်က ရုတ်တရက် ဖြစ်ပျက်သွားတဲ့အရာကြောင့်ဆိုဖာပေါ် ထိုင်ချကာ ရင်ဘက်ကို လက်တစ်ဖက်နဲ့ဖိရင်း တစ်ဖက်က ဗိုက်လေးကိုကိုင်ကာ ခေါင်းမော့လို့အသက်ကိုလုရှုနေခြင်း စိတ်တည်ငြိမ်လာကာမှ

"နန်းနန်း!!"

ခေါ်လို့မရတာမို့ ဖုန်းယူကာ ရှင်းချန်ကိုဖုန်းခေါ်ဖို့လုပ်လိုက်တယ်

"ရှင်းချန် "

"ညဘက်ကြီးဘာဖြစ်လို့လဲရိပေါ် ဗိုက်နာလို့လား"

သူကြီးတွန်းပြောနေတာမို့ မဟုတ်ကြောင်း‌ကြားကဖြတ်ပြောရသည်

"ရှင်းချန် အိမ်မှာ နန်းနန်း သွေး‌တွေနဲ့ခေါင်းမှာလည်းဒဏ်ရာကြီးနဲ့မို့လာကြည့်ပေးပါဦး မောင်မရှိလို့ငါလည်းဘာမှမလုပ်တတ်ဘူး သူ့လည်းမ မနိုင်ဘူး"

"ဟမ် မင်းဘယ်မှမသွားနဲ့ငါတို့အခုလာခဲ့မယ် အိမ်ထဲမှာ မသင်္ကာတာတစ်ခုခုရှိနေရင် အိပ်ခန်းထဲခဏဝင်နေ တခါးကိုငါတို့လာမှဖွင့် "

"ဘာလို့လည်း"

"နန်းနန်းက သူ့ဟာသူ ခေါင်းရိုက်ခွဲလိုက်တာလား"

ချန်လေးပြောမှဟုတ်သည် သူစိုးရိမ်တာကောကြောက်စိတ်ကြောင့် သတိမထားမိတာ သူ့အိမ်ထဲတစိမ်း‌တစ်ယောက်ရောက်လေသလား

"ငါ ဖုန်းချလိုက်တော့မယ်"

ဖုန်းကိုတိခနဲချကာ တောင်ကြည့်မြောက်ကြည့်မသိမသာလုပ်ကြည့်သည် သူ့နောက်ကလိုက်ကာ က ကလေတိုက်တာကြောင့်လွင့်သွားချိန်သူမြင်လိုက်သည် လူအရိပ် အိမ်ထဲမှာလူရှိနေတယ် မသိသလိုဟန်ဆောင်ကာအခန်းထဲကိုပြေးမတက်သွားလိုက်သည် သို့သော် အခန်းထဲအဝင်လက်ကိုလာဆောင့်ဆွဲတာကြောင့်ကြောက်စိတ်ကအလုံးအရင်း သူတစ်ယောက်တည်းဆိုဘာမှမဖြစ်ပေမယ့်အခုက ရင်သွေးလေးနဲ့မို့သူမပြေးနိုင်
ပြန်လည်းမခုခံနိုင်ကလေးမထိခိုက်အောင်သာ နေရမယ်

ဟေးနန်နယ်မှချစ်ပုံပြင်Where stories live. Discover now