Part 28

1.6K 94 8
                                    

စားလို့အရမ်းကောင်းတယ် အချဉ်ဓာတ်ကျနေတဲ့ရိပေါ်ကို‌ ဖေးရန်တို့ဖန်ရှင်းတို့ကြည့်သာကြည့်နေကြသည် ဝန်းနင်က တော့ ရိပေါ်စားချင်နေတာကိုလုပ်ပေးနေသည် ရိပေါ် တစ်ခုခုဖြစ်လို့ကတော့ ဝန်းနင်ဘဝမတွေးရဲစရာ

"အဲ့ဒါဘာလုပ်နေတာလဲ"

"ဟင် "

"ဟာ ရှောင် ရှောင်ကျန့်"

"မောင် ပြန်လာပြီလားဟီးးးးးဟီးးးးး"

ဒါပါပဲ မဟုတ်တာလုပ်ထားရင်အချိုသာဆုံးပြုံးကာမောင်လို့ခေါ်ပြီး ချွဲတော့မယ်

"မောင် မောနေလား ရေသောက်ချင်လား"

"တော်ပါ သည်းညှာ အခုဘာစားနေတာ"

"ဟင် မောင်လည်းမြင်နေတာပဲဘာလို့မေးနေတာလည်းလို့"

"သည်းညှာ အချဉ်တွေအများကြီးစားရင် မကောင်းဘူးဆိုတာမသိတာလား အလုပ်ကိစ္စနဲ့မြို့ခဏလေးသွားတာကို မရှိတုန်းဖြစ်ချင်တိုင်းဖြစ်နေပါလား နောက်ခါဘယ်လိုစိတ်ချရပါ့မလဲ"

".............."

"ဟူးးးးးးး သည်းညှာ "

ခေါင်လေးငုံ့ကာ မြေပြင်ကိုသာကြည့်နေသည်မို့ကိုယ့်စကားကြောင့်ဝမ်းနည်းသွာမှန်းရှောင်ကျန့်သိလိုက်သည်

"သည်းညှာ "

"ဟင့် ~လွှတ် မခေါ်နဲ့ လာမထိနဲ့အသားကို ပြောမကောင်းဘူးမလား စိတ်ကုန်နေလည်း ထားခဲ့လိုက်တော့"

"သည်းညှာ !"

"ဟင့် မအော်ပါနဲ့"

"အချဉ်လေးစားမိတာကိုပြောဆိုနေတာ မချစ်တော့မှန်းသိပါတယ်"

ဘေးကပွဲကြည့်နေတဲ့အလိုက်ကန်းဆိုးမသိတဲ့အကောင်တွေကိုမျက်စပစ်ပြကာ ထွက်သွားခိုင်းပြီး သည်းညှာကိုပေါင်ပေါ်ဆွဲတင်ကာထိုင်စေသည်

"သည်းညှာကိုစိုးရိမ်လို့ပြောတာပါ"

".........."

"သည်းညှာ မောင့်အမျိုးသားလေး"

"သွားအခုမှလာမခေါ်နဲ့ တစ်ခါတစ်လေစားတာကိုညိုညင်နေတာများ"

"မဟုတ်ရပါဘူးဗျာ"

"မောင်သိလား အခုတလော စိတ်အရမ်းစက်ပြီးအားငယ်တတ်တာ မောင်ကပါလာဆူနေတော့ စိတ်မကောင်ဘူး အီးဟီးးးးး"

ဟေးနန်နယ်မှချစ်ပုံပြင်Where stories live. Discover now