Part 5

1.9K 155 4
                                    

ထိုနေ့မှစ၍ရှောင်ကျန့်ဆိုသောကောင်လေးကသူ့ကိုအကြိုအပို့လုပ်ပေးတယ် အခြားသူတွေနဲ့အတူတူမဟုတ်လို့ရိပေါ်ကအားနာတတ်သူပီပီစိတ်မကောင်းပေ သူ့ကိုတစ်မျိုးထင်မည်ကိုသိပ်စိုးရိမ်သည်

"ရိပေါ်ဒီနေ့ကျောင်းနားရက်ဆိုတော့ ရွာထဲသွားမလို့လိုက်မလား"

"မလိုက်တော့ပါဘူး"

"ဒါဆိုငါတို့သွားပြီနော် "

"အွန်း "

"ဟဲ့ ရိပေါ်"

"အာ လင်းရာ လန့်တာအသံမပေးဘူး"

"ငါပေးပါတယ်ခေါ်လိုက်တယ်လေ အိုဟယ် လန့်‌တတ်နေလိုက်တာ"

"ကဲခေါ်ရင်းကိစ္စက "

"နင့်ကိုလာလာပြီးအကြိုပို့လုပ်ပေးတဲ့ရှောင်ကျန့် နဲ့အခြေနေလေး ဘယ်အဆင့်ရောက်ပြီလဲ"

"အာနင့်ဟာကလည်း သူကဒီတိုင်းစေတနာနဲ့လိုက်ပို့ပေးတာပါဟာ တစ်မျိုးမထင်ပါနဲ့"

"ငါယုံလိုက်မယ် "

ပြောသာပြောလိုက်တာလူကိုမယုံဘူးဆိုသည့်အကြည့်နှင့်

"လင်းမော့ယွီဆိုတာ ထင်လိုက်တဲ့ကိစ္စတိုင်းမှန်တတ်တာ်နော် ဟွန်းဟွန်းးး"

"............."

**********************************

"ဒီ‌နေ့နယ်စပ်သွားပြီးပစ္စည်းတွေလဲရမယ် "

"ငါလိုက်မယ် ဒီတစ်ခါသိပ်အရေးကြီးတယ်"

"ကောင်းပြီကွာ"

"ဒါနဲ့ရှောင်ကျန့် မေးစရာရှိတယ်"

"အင်းမေးလေ"

"မင်းအခုတလောရွာထဲသွားသွားနေတယ်ဆို"

"အင်းလေးဘာဖြစ်လဲအဲ့ဒါ"

"‌ဆရာလေးတစ်ယောက်ရဲ့ အကြိုအပို့လေးဖြစ်နေတာပေါ့"

"အွန်း..... မင်းသိလား ဆရာဝမ့်ကငါ့စိတ်ထဲအဲ့လောက်နေရာယူထားမယ်မထင်ဘူး ငါကလည်းဘာလို့လည်းမသဲကွဲဘူး စိတ်ဝင်စားတာမှန်ပေမယ့် ချစ်တာလား ဒီတိုင်းကြိုက်တာပဲလားဆိုတာ"

"ကောင်းတာပေါ့"

ဖြန်းးးးးး

အမြင်ကပ်လာလို့သကောင့်သားရဲ့လက်မောင်းကို ခပ်နာနာရိုက်လိုက်တယ်

ဟေးနန်နယ်မှချစ်ပုံပြင်Where stories live. Discover now