သူမရဲ့ခင်ပွန်းက ပိုအာဏာရှိလာပြီး သူ့မိသားစုက ပိုပိုပြီး ချမ်းသာလာခဲ့သည်။

ဒီလက်ဖက်ရည်အိုးက တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းလက်ဖက်ရည်အိုးတစ်မျိုးပဲ ....

ထန်မင်းဆက်မှ ပုံတူပန်းအိုးသည် အစစ်ဖြစ်သည်။

မကြာခင်မှာပဲ သူမရဲ့ခင်ပွန်း ချန်ရှု့ကအရမ်းချမ်းသာပြီး လူတွေမသိတဲ့ သူဌေးတစ်ယောက်ဆိုတာကို သိလာခဲ့သည်။

•••••••••

Zawgyi

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
မူရင်းစာစဉ်အမည် - The former wife of invisible wealthy man
မူရင်းစာရေးဆရာ - Bìxià Bù Shàng Cháo
မြန်မာ ဘာသာပြန်သူ - Khat
အပိုင်းရေ - 145

Comedy Fantasy Romance Supernatural စာစဉ်ကောင်းလေးတစ်ခုပါ

ယဲ့ဆွေသည် စာအုပ်တစ်အုပ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့ပြီး အဆိပ်ပြင်းတဲ့ ဗီလိန်ဖြစ်လာခဲ့သည်။ သူမက ကြာပန်းဖြူ အမျိုးသမီးဇာတ်လိုက်နဲ့ အနည်းငယ် ဆင်တူနေတဲ့အတွက် သူမက အမျိုးသားဇာတ်လိုက်ရဲ့ အမျိုးသမီးဇာတ်လိုက်အစား အစားထိုးခံ ဖြစ်ခဲ့ရသည်။ ယဲ့ဆွေသည် အဓိကဇာတ်လိုက်ရဲ့ တတိယဦးလေးဖြစ်သူ ချန်ရှု့နဲ့ လက်ထပ်ခဲ့ပြီး သူနဲ့လက်ထက်ခဲ့တဲ့ မည်သူမဆိုဘဝကို ဖျက်ဆီးပစ်ခဲ့သည်။

သူမရုတ်တရက် ကူးပြောင်းရောက်ရှိလာပြီးတဲ့နောက်မှာ သူမဖြစ်လာတာက မနာလိုမုန်းထားခြင်းနဲ့ စိတ်ကြီးဝင်တဲ့ ဗီလိန်အမျိုးသမီးဖြစ်လာပြီး သူမ အမျိုးသား ချန်ရှု့က တရားဝင်ကွာရှင်းဖို့ အကြောင်းအရင်းဖြစ်စေခဲ့သည်။

ယဲ့ဆွေ သရဲကိုတွေ့လိုက်သည်။ ခဏကြာမှာတော့ သူမချန်ရှု့ကို ထိကြည့်လိုက်သည်။ သရဲဆိုပျောက်သွားလိမ့်မယ်။

ကွာရှင်းဖို့ ပြင်ဆင်ပြီးတဲ့ ချန်ရှု့သည် သူ၏အိမ်သို့ ပြန်လာသည့်အခါ အလွန်အံ့အားသင့်ခဲ့သည်။ သူ၏ဇနီးက ရုတ်တရက် ပေါင်ကိုပွေ့ဖက်ပြီး ပြောလိုက်သည်။ “ မကွာရှင်းဘူး။ ရှင်ကကျွန်မကို သတ်ပစ်ရင်တောင် ကွာရှင်းစာရွက်မှာ လက်မှတ်ထိုးမှာမဟုတ်ဘူး။”

ချန်ရှု့ :“ .…...”

ယဲ့ဆွေမှာ ခက်ခဲသောဘဝရှိသည် ဟူသောကောလဟာလများ ထွက်ပေါ်လာခဲ့သည်။ သူမသည် အသက် ၃၀ တွင် သေခြင်းမှမလွတ်မြောက်နိုင်သည့် ချို့တဲ့သောခင်ပွန်းဖြစ်သူ ချန်ရှု့ကိုလက်ထပ်ခဲ့သည်။ သို့သော် သူမ၏ဖျားနာနေသောခင်ပွန်းသည် တစ်ကယ်တော့ ဒေါ်လာဘီလျံပေါင်းများစွာ ချမ်းသာကြွယ်ဝနေခဲ့သည်။

ယဲ့ဆွေက သူမသာနားလည်မှုနှေးနေရင် သူမရဲ့ဘဝဟာ ပျက်စီးခြင်းသို့ ရောက်လိမ့်မယ်လို့ ယုံကြည်ခဲ့သည်။





#16.3.2023

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now