အပိုင်း - ၇

Start from the beginning
                                    

လူးကပ်​စ်​က ဆိုင်​ကယ်​လက်​ကိုင်​​ပေါ် တံ​တောင်​​လေးတင်​ထားလျှက်​မှ စွဲ​ဆောင်​မှုရှိစွာရယ်​ပြလာရင်း...

" ကျွန်​​တော်​ ​နောက်​ ကျသွား လား အစ်​ကို "

မျက်​ဆန်​ဝါ​လေးများ ပိတ်​ကျသွားသည်​အထိ ရယ်​ပြလာ​သော ​ကောင်​ငယ်​​လေး​ကြောင့်​ ​စော​စောကအထိ ​စောင့်​​နေရ၍ဘူ​နေကြသည့်​ လူအချို့မှာ မည်​သို့မှစိတ်​မဆိုးနိုင်​ပါ​တော့​လေ...

မိမိတို့ကိုယ်​တိုင်​ မသိလိုက်​ခင်​မှာပင်​ စကားပီသ​အောင်​ကြိုးစား​ပြော​နေသည့်​​လေသံနှင့်​ ချစ်​စဖွယ်​အပြုံး​ပိုင်​ရှင်​ ထို​ကောင်​​လေးအား အားလုံးအလိုအ​လျောက်​ ပြန်​ပြုံးပြ​နေမိလျှက်​သားပါပင်​..

စောင့်​​နေသူများမှာ ထက်​​နောင်​အပြင်​ ​ယောက်ျား​လေး ငါး​ယောက်​ မိန်းက​လေးနှစ်​​​ယောက်​မို့ စုစု​ပေါင်းရှစ်​​ယောက်​ဖြစ်​​လေသည်​။

လေး​ယောက်​လုံးက တုတ်​တုတ်​​ဘေးတွင်​ရပ်​​နေကြကာ ထိုအဖွဲ့၏ ​ကျောထက်​၌လည်း ​ကျောပိုးအိတ်​ကိုယ်​စီအပြင်​ ​ဘေးပတ်​ပတ်​လည်​​တွင်​လည်း အထုတ်​အပိုးများက ပြန့်​ကျဲလျှက်​...

အစ်​ကို့အ​ပြောအရ ဤ​လူစုရပ်​​တောင်​ကလပ်​​ခြေရင်းနှင့်​ ​တောင်​မကြီးမှာ အ​တော်​အလှမ်း​ဝေး​သေး၍ ကားလမ်းဝင်​သာသည်​အထိ ​တောင်​မကြီးသို့ တုတ်​တုတ်​ဖြင့်​တက်​ကြရမည်​ဟု လူးကပ်​စ်​သိထား​လေသည်​။

ထက်​​နောင်​က ဘယ်​ဘက်​ပါးပြင်မှ ဒဏ်​ရာပါးခွက်​​လေးနစ်​ဝင်​သွားသည်​အထိ ပြုံးလိုက်​ရင်း လူးကပ်​စ်​နှင့်​ သူ့တပည့်​များကို မိတ်​ဆက်​​ပေးလိုက်​၏။

" ​နောက်​မကျပါဘူးကွာ ကဲ မိတ်​ဆက်​​ပေးရရင်​ ဒါက ဆရာ​ပြောတဲ့ လူးကပ်​စ်​ဒါမွန်​တဲ့ လူးကပ်​စ်​​ရေ သူတို့က အစ်​ကို့တပည့်​​တွေပဲ သက်​​နောင်​​နောင်​၊ ထက်​​​ဝေအောင်​၊ ​အောင်​ကိုဟိန်း၊ သန်း​ဇော်​၊ ဇင်​မင်းထက်​၊ စန်း​စန်းဝေ၊ သီတာ​အေးတဲ့ ​တောင်​အတူတူတက်​ကြမဲ့သူ​တွေဆို​တော့ ခဏနဲ့ ​ခင်​သွားကြမှာပါ "

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now