မိမိတို့ကိုယ်တိုင် မသိလိုက်ခင်မှာပင် စကားပီသအောင်ကြိုးစားပြောနေသည့်လေသံနှင့် ချစ်စဖွယ်အပြုံးပိုင်ရှင် ထိုကောင်လေးအား အားလုံးအလိုအလျောက် ပြန်ပြုံးပြနေမိလျှက်သားပါပင်..

စောင့်နေသူများမှာ ထက်နောင်အပြင် ယောကျ်ားလေး ငါးယောက် မိန်းကလေးနှစ်ယောက်ဖြစ်၍ စုစုပေါင်းရှစ်ယောက်ဖြစ်လေသည်။

လေးယောက်လုံးက တုတ်တုတ်ဘေးတွင်ရပ်နေကြကာ ထိုအဖွဲ့၏ ကျောထက်၌လည်း ကျောပိုးအိတ်ကိုယ်စီအပြင် ဘေးပတ်ပတ်လည်တွင်လည်း အထုတ်အပိုးများက အပြည့်...

အစ်ကို့အပြောအရ ဤလူစုရပ်တောင်ကလပ်ခြေရင်းနှင့် တောင်မကြီးမှာ အတော်အလှမ်းဝေးသေး၍ ကားလမ်းဝင်သာသည်အထိ တောင်မကြီးသို့ တုတ်တုတ်ဖြင့်တက်ကြရမည်ဟု လူးကပ်စ်သိထားလေသည်။

ထက်နောင်က ဘယ်ဘက်ပါးပြင်မှ ဒဏ်ရာပါးခွက်လေးနစ်ဝင်သွားသည်အထိ ပြုံးလိုက်ရင်း လူးကပ်စ်နှင့် သူ့တပည့်များကို မိတ်ဆက်ပေးလိုက်၏။

" နောက်မကျပါဘူးကွာ ကဲ မိတ်ဆက်ပေးရရင် ဒါက ဆရာပြောတဲ့ လူးကပ်စ်ဒါမွန်တဲ့ လူးကပ်စ်ရေ သူတို့က အစ်ကို့တပည့်တွေပဲ သက်နောင်နောင်၊ ထက်ဝေအောင်၊ အောင်ကိုဟိန်း၊ သန်းဇော်၊ ဇင်မင်းထက်၊ စန်းစန်းဝေ၊ သီတာအေးတဲ့ တောင်အတူတူတက်ကြမဲ့သူတွေဆိုတော့ ခဏနဲ့ ခင်သွားကြမှာပါ "

" လူးကပ်စ် ပါ တွေ့ရ တာ ဝမ်းသာပါ တယ် "

" ကျွန်တော်တို့လဲ ဝမ်းသာပါတယ်ဗျ "

" အစ်ကိုက ချောလိုက်တာ "

" အစ်ကို့ အသံလေးက တစ်မျိုးပဲနော် "

" ဟုတ်ပ စကားလေးပြီး ဝဲသလိုနဲ့ပီနေတာ အဲ မပြောပြတတ်တော့ဘူး "

" မျက်နှာကလဲ ဖြူပြီးနုဖက်နေရော "

" ကျေး ဇူးပါ "

ထက်နောင့် တပည့်များက တစ်ယောက်တစ်ပေါက်နှုတ်ဆက်လာကြ၍ လူးကပ်စ်အားလုံးကို ပြုံးပြလိုက်ရ၏။

" ကဲ ကဲ ဒါဆို လူးကပ်စ်ဆိုင်ကယ်ကို အစ်ကိုတို့အိမ်မှာ သွားထားရအောင်လေ နောင်နောင်တို့အဖွဲ့က ဒီမှာပဲ ခဏစောင့်နေနော် "

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Место, где живут истории. Откройте их для себя