အပိုင်း ၁၁

En başından başla
                                    

အချိန်မှာလည်းကြာသင့်သလောက်ကြာသွားခဲ့လေ၏။မေမြတ်မှူးသည်လည်း သူမ၏အတတ်ပညာနှင့်လုပ်ငန်းခွင်ဝင်ခဲ့သည်။

"ခုလိုဖိတ်ကြားပေးလို့ကျေးဇူးတင်ပါတယ်အန်ကယ်"

"မဟုတ်တာသမီးရယ် မိတ်ဆွေတွေပဲဖိတ်ရမှာပေါ့"

Hotelသစ်တစ်ခု၏ဖွင့်ပွဲသို့တတ်ရောက်ရန်ဖိတ်ကြားသောကြောင့် မေမြတ်မှူးပွဲတတ်လာခဲ့သည်။လုပ်ငန်းရှင်များကြားတွင် သင့်တင့်စွာလိုက်လျောညီထွေနေထိုင်တတ်သောကြောင့် မေမြတ်မှူးအားခင်မင်သူပေါကြသည်။

"သမီးလေးရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး အန်တီ"

ပိုင်ရှင်အမျိုးသမီးနှင့်လက်ဆွဲနူတ်ဆက်လိုက်၏

"သမီးကိုမိတ်ဆက်ပေးရအုံးမယ် ဒါ အန်တီကိုလုပ်ငန်းကြီးတစ်ခုလုံးမှာအားထားရတဲ့အင်ဂျင်နီယာလေးအင်ကြင်းဖြူတဲ့'

ကံကြမ္မာဟာမျက်နှာသာပေးလေသည်သလား ရှေးဆုတောင်းများပင်ကောင်းခဲ့လေသလား...လိုက်ကာရှာဖွေနေခဲ့ချိန် အရိပ်ပင်မတွေ့ခဲ့သောလည်း မျက်ဝါးထင်ထင်ပေါ်လာခဲ့လေသောအခါ ရင်ခုန်သံများဟာကျယ်လောင်စွာထွက်မလာတော့ပဲ တိတ်ဆိတ်သွားရလေပြီ။အံ့ဩမှင်သက်မှုကြောင့်ပင်ဖြစ်လေမည်လား

"အင်ကြင်း"

မိမိမှစကာသူမ၏အမည်အား မတိုးမရှပ်ခေါ်လိုက်တော့သည်။

"သမီးတို့ကသိနေကြတာလား"

"ဟုတ်အန်တီ"

ဟုမေမြတ်မှူးဘက်မှစကာပြောလိုက်သောလည်း အင်ကြင်းဖြူမှာတော့ခေါင်းခါကာငြင်းပြလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် အင်ကြင်းဖြူပါ"

ဟုပြောရင်းသူမဘက်မှစကာလက်ဆွဲနူတ်ဆက်ရန်လက်ကမ်းပေးလိုက်သည်။ဝေခွဲမရသောအတွေးများအား ခတ္တရုတ်သိမ်းလိုက်ပြီး

"မေမြတ်မှူးပါ တွေ့ရတာဝမ်းသာပါတယ်"

ခပ်စိမ်းစိမ်းနူတ်ဆက်လိုက်သောအသံကိုတော့ စိတ်ထဲတွင်ဘဝင်မကျသောလည်း မိမိတွင်စောဒဂတတ်နိုင်စွမ်းမရှိခဲ့ပါ။

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Hikayelerin yaşadığı yer. Şimdi keşfedin