၁၄၂။ ဘာလို့ ဒုတိယအဆင့် အမတ်လေးတစ်ယောက်ကို စာနာပြနေတာလဲ

Start from the beginning
                                    

ရွှမ်ထျန်းမင်က မျက်မှောင်ကြုံ့သွားကာ နားမလည်ဟန်ဖြင့် " ဟမ်? " ဟုပြန်မေးသည်။

ဖုန်းယွိဟန် ထိုမြင်ကွင်းအား ပျော်ပျော်ကြီး ကြည့်နေမိသည် ။ ရွှမ်ထျန်းမင်က ၀တ်နေကြဖြစ်သော ခရမ်းရောင်ပိုးထည်အင်္ကျီကိုသာ ၀တ်ဆင်လာတာဖြစ်၍ ထိုအပြင်အဆင်သည် ၀မ်းနည်းကြောင်းပြရန် လာရောက်သူနှင့် လုံး၀မတူပေ ။ ပုမိသားစုကလည်း ဖုန်းချန်းယွီလိုပင် ကမ္ဘာကြီးက သူတို့ကိုသာ ဗဟိုပြု၍ လှည့်ပတ်နေတာဟု  ထင်နေသည့်ပုံပင် ။

ရွှမ်ထျန်းမင်၏ ပြန်မေးသံကြောင့် ပုပိုင်ချီက တောင့်တင်းသွားလေ၏။  ရွှမ်ထျန်းမင်၏ ဆိုလိုရင်းကို နားမလည်သော်ငြား ပြန်လည်းမမေးရဲသဖြင့် ထိုနေရာတွင်သာ တုပ်တုပ်မလှုပ်ဘဲ တိတ်တဆိတ်ရပ်နေရလေသည် ။

ရွှမ်ထျန်းဟွာက ၀င်ရှင်းပြလာသည်။ " အမတ်ပု(ပုပိုင်ချီ) အထင်မှားနေပါပြိီ ၊ ကိုယ်တော်နဲ့ ညီတော်ကိုးက မြို့တော်အပြင်က စစ်တန်းလျားကိုသွားနေရင်း ဒီလမ်းကနေ ဖြတ်သွားရုံပါ ၊ ခယ်မလေးက သခင်မကြီးဖုန်းနဲ့အတူ ၀မ်းနည်းကြောင်းပြဖို့အတွက် ဒီကိုလာတယ်လို့ကြားလို့ ကိုယ်တော်တို့က သူမကို လာတွေ့တာပါ "

လျှာက်ိုရှည်လွန်းတယ်ဟု ကိုယ့်ကိုယ်ကို တိတ်တဆိတ်ကျိန်ဆဲလိုက်ရင်း ပုပိုင်ချီမှာ ချွေးစေးများပြန်လာတော့သည် ။ သူ ပြောမိတာများလေ အမှားများများ လုပ်မိလေ ဖြစ်နေလေ၏။

ရွှမ်ထျန်းမင်ကလည်း ထူးဆန်းသည့် အငွေ့အသက်များပါသော မူပိုင်လေသံဖြင့် စကားဆိုလာတော့သည် ။  " ကိုယ်တော်လာခဲ့လို့ တော်သေးတာပေါ့ ၊ မဟုတ်ရင် ခင်ဗျားတို့က ကိုယ်တော့်ရဲ့ ဟန်ဟန်လေးကို သေတဲ့အထိ အနိုင်ကျင့်ကြမလို့လား  " ပြောပြီးနောက်တွင် လက်ကမ်းပေးလာသဖြင့် ဖုန်းယွိဟန်လည်း လျှောက်သွားလိုက်ပြီး လက်ဆန့်ကာ သူမ၏လက်လေးများကို ထိုလူ၏လက်ဖ၀ါးကြီးထဲသို့ ထည့်ပေးလိုက်တော့သည်။ ရွှမ်ထျန်းမင်က ကြင်ယာတော်ပုအား လှမ်းမေးသည်။ " ပုပိုင်ဖျင်း ၊ ခင်ဗျားက ဒီအတိုင်းလှဲနေရတာကို စိတ်ကုန်နေလို့ မျက်လုံးမှိတ်ပြီး လှဲနေချင်တာများလား "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now