ပြိုလဲနေသော မိမိပုံစံကို မည်သူမှ မမြင်စေချင်သည့်အတွက် မိမိMansionရှိရာသို့ တစ်ယောက်တည်း ကားမောင်းလာခဲ့လိုက်သည်။

လီဗာကို အသားကုန် နင်းတင်ရင်း တရကြမ်း ကားမောင်းနေမိသော ဂျောင်ကုသည် အတိတ်က လိုက်သော အရိပ်များထံမှ ထွက်ပြေးနေရသော သားကောင် ပမာ။

တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် steering wheelကို မြဲမြံအောင် အားတင်း၍ ဆုပ်ကိုင်ထားကာ အသက်ကို လု၍ ရှူနေရသော ဂျောင်ကုမှာ မြင်ယောင်လာနေမိသော အတိတ်ဟောင်းမှ ပုံရိပ်များကြောင့် ရုပ်ကြိုးပျက်။

နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်ကြီးမှာ အသက်ကို ​မည်မျှပင် ခက်ခက်ခဲခဲ လုရှူနေရသည်ဆိုတာ ပေါ်လွင်စေသည် ။

သူဟာ သူများတွေလို သာမန်မိသားစုဆီက မွေးဖွားလာခဲ့ရတာမဟုတ်ဘူး။

Mafia Gang ေခါင်းဆောင်ရဲ့ သားတစ်ယောက်.......။

ဒါကြောင့်မို့ ရက်စက်ကြမ်းကြုတ်တဲ့ Mafia လောကမှာ
နေသားမကျခဲ့ရတဲ့ သူ့ရဲ့ငယ်ဘဝ။ ဖခင်​ဖြစ်သူ
ကတော့ ရဲရင့်ပြီး ရက်စက်တဲ့ မာဖီးယား Gang ခေါင်းဆောင်။

ရက်စက်မှု၊ ​သွေး​အေးမှု၊ ထိုးနှက်မှုတွေ၊
ယောကျာ်း ဆန်မှုတွေ ကိန်းအောင်းနေအောင် ဖခင်ဖြစ်သူရဲ့ လောင်းရိပ်အောက်မှာ ပုံသွင်းခံပြီး ကြီးပြင်းခဲ့ရတဲ့ ဂျွန်ဂျောင်ကုဆိုတဲ့ လက်ရှိမာဖီးယား ဂိုဏ်းချုပ်ရဲ့ ငယ်ဘဝဟာ ပန်းခင်းလမ်း မဟုတ်ခဲ့တာတော့ သေချာသည်။

ဆူးခရောင်းလမ်းထက်ပင် ပို၍ ဆိုးသွမ်းခဲ့သော ငရဲလမ်းဟုပင် တင်စားရလောက်အောင် အတိတ်က ဖြတ်ကျော်ခဲ့ရသည့် နေ့ရက်များမှာ အလွန် အကျည်းတန်စရာ ။

ကယ်တင်ပေးကြပါ....။ သူ ဒီဘဝမှာ နေမပျော်ခဲ့ဘူး...။
ဒီဘဝကနေ သူလွတ်မြောက်ချင်ခဲ့တယ်။
ဒါေပမယ့် ဘယ်သူမှ မကယ်တင်ပေးနိုင်ခဲ့ကြဘူး။ လှောင်အိမ်ထဲ ပိတ်မိနေခဲ့တဲ့ သူ့ဘဝရဲ့ နေ့ရက်တွေက စိတ်ပျက်စရာ အမှောင်အတိ။

အဖေပြီးတော့...အမေ....။
သူ့ဘဝမှာ အမေဆိုတာတော့ မရှိခဲ့ဘူး ။
သူ့ကို မွေးပြီးချင်းမှာပဲ အမေ ဆိုတဲ့ အမျိုးသမီးက
နောက်အိမ်ထောင်တစ်ခု ပြုသွားခဲ့တယ်။  အမြဲတမ်း ရက်စက်ရတာကို ပျော်မွေ့နေတတ်တဲ့ မကောင်းဆိုးဝါး မာဖီးယား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အဖေ...... သေချာတာကတော့ Jeon မျိုးဆက် မပျက်ဖို့အတွက်  အလိုမတူဘဲ အမေဖြစ်သူကို rape ပြီး သိမ်းပိုက်ခဲ့တာမို့လို့ ။

Bitter Sweet Coffee [Completed] ✔Where stories live. Discover now