🍂PART 3🍂(Uni/Zaw)

10.8K 254 2
                                    

🍂PART 3 🍂

အားရင်အားသလို ကလပ်တို့ဘားတို့မှာ အချိန်ဖြုန်း နေတတ်သည့် ဖြူစင်သန့်တို့မောင်နှမနှစ်ယောက်သည် အခုတော့ ဦးငယ်ရှေ့တွင် မခုတ်တတ်သည့်ကြောင်လိုငြိမ်ပြီး ဦးငယ်ရဲ့ဩဝါဒကိုခြွေခံရတော့မည်။

"အုပ်ထိန်းသူ တစ်ယောက်ပဲရှိတယ်ဆိုပြီး လွတ်ချင်တိုင်း လွတ်နေကြတာကောင်းတဲ့အရာမဟုတ်ဘူးနော်..."

"တစ်ယောက်က တစ်နှစ်နေမှ အိမ်နှစ်ခါပြန်လာတဲ့ကောင်နဲ့ တစ်ယောက်က အိမ်မှာလို့ပြောပြီး ကလပ်တကာ ဘားတကာ လျှောက်သွားနေတဲ့ မင်းတို့နှစ်ယောက်ကို ငါဘာလုပ်ပေးရမလဲ"

"ယောက်ျားပေးစားလိုက်"

"မိန်းမပေးစားလိုက်"

လိုချင်တာကို ရွက်ပြနေသော သားနဲ့တူမကို ကြည့်ပြီး နဂိုမြင့်နေသည့်ဒေါသတို့ကို မြှင့်ပေးလိုက်သလို ရင်ဘက်က နိမ့်လိုက်မြင့်လိုက်နှင့် ဒေါသကမပြယ်နေသေး....

အမေမရှိတော့သည့်သားနှင့် ငယ်ငယ်လေးနှင့်မိဘမဲ့‌ခဲ့ရသော တူမကိုအလိုလိုက်ခဲ့မိသော ဦးရှင်းသန့်ရဲ့မဟာ့ မဟာအမှားတွေပါ....

"ဘယ်သူက မင်းတို့ကို ယူမှာမို့လို့လဲ......၊ ရည်စား ချစ်သူတွေရှိရင် ငါ့အရှေ့ကို အရောက်ခေါ်လာခဲ့.....

ငါကိုယ်တိုင်ပေးစားမယ်.... ဒါမှမင်းတို့ခြေ‌ငြိမ်မှာ...... ငါ့ သားနဲ့ ငါ့တူမရဲ့ဂုဏ်သတင်းတွေက ငါ့အသိုင်းအဝိုင်းမှာမိုးမွှန်အောင် မွှေးနေတာပဲဆိုတော့ ငါ့ကိုယ်ငါတောင်ရှက်တယ်သိလား.... ပြောပါအုံး အလုပ်ကျ မလုပ်ချင်ဘဲ ယောက်ျား မိန်းမကျတော့လိုချင်နေတယ်.... ဒီနေ့ကစ အကန့်အသန့်မရှိ ဖြူစင်သန်ုနဲ့ ရိုးသန့် မင်းတို့နှစ်ယောက်စလုံးကို မုန့်ဖိုးဖြတ်တယ်"

"ရတယ် အေးဆေးဒယ်ဒီ "

"မရဘူးလေ ဦးငယ်!!!"

ရိုးသန့်မှာ ဘယ်ကပိုက်ဆံတွေရနေလဲဆိုတာ မသိပေမယ့် ဖြူသန့်မှာက ညတုန်းကပဲ အကုန်ပလုံစီသွားပြီလေ...

ဒါကြောင့် ဦးငယ်ကို အမြန်တားလိုက်ရသည်။

"သမီး ဖြူသန့်....နောက်တစ်ပတ် တနင်္ဂ‌နွေနေ့ကို ဦးငယ်ကို အချိန်ခနပေး....."

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now