Part 21

126 9 0
                                    

TaeHyungတို့အိမ်ပြန်ရောက်တော့ မာမီကထွက်ကြိုသည်။
"ထယ်လေး ပေး ပေး အထုပ်တွေမသယ်စမ်းနဲ့
သားရယ် ကလေးနဲ့ဟာကို
အိမ်တော်ထိန်းလီ...အိမ်တော်ထိန်းလီ... "

"လာပြီ...သခင်မကြီး.."

"ရော့..ဒီအထုတ်တွေသယ်ပြီး အပေါ်ထပ်က သားတို့အခန်းထဲထည့်ပေးလိုက်''

''အဲ့အထုပ်အပြာက ခေါက်ဆွဲထုပ်တွေနဲ့ မုန့်တွေအထုပ်နော် အိမ်တော်ထိိန်းလီ"

"ဟုတ်ကဲ့..သခင်လေးထယ်ယောင်း "ဆိုကာ အိမ်တော်ထိန်းလီက အထုတ်တွေဖြင့်အပေါ်ထပ်တက်သွားလေသည်။

"မာမီ..ဗိုက်ဆာတယ်"

"ဟင်..ထယ် ခုနကလေးတင် မောင်တို့နေ့လည်စာစားလာတာလေ"

"သြော်...သားငယ်ရယ် ထယ်လေးကကိုယ်ဝန်နဲ့လေ ဒိီလိုပဲ ဆာတတ်တာပေါ့"
မာမီကဂျောင်ကုဘက်လှည့်၍ပြောလိုက်ခြင်း။

"လာ..သားထယ် မာမီက သားစားချင်တဲ့ ဝက်စပ်ကြော်,ကြော်ထားပေးတယ် "

မာမီက ထယ့်ကိုမီးဖိုခန်းဆီ လက်မောင်းလေးကိုင်လို့ ခေါ်သွားတော့ ကိုယ့်မှာတစ်ယောက်တည်းကျန်ခဲ့ရရော....
မာမီနဲ့သူ့သမက်သုံးယောက်အတူရှိနေပြီဆို ကိုယ်တွေညီအစ်ကိုတွေ ကိုယ့်ယောက်ျားနားကပ်လို့ကိုမရတော့တာ။

JungKookထမင်းစားခန်းထဲရောက်တော့ ထယ်ကအပီအပြင်ကိုစားနေပြီ။

"ထယ်...အစပ်တွေအဲ့လောက်မစားပါနဲ့လား။
ဗိုက်တွေအောင့်ကုန်မယ် ထယ်ရဲ့"

"စပ်စပ်လေးတွေပဲစားချင်နေလို့ဟာကို..."
ထယ်ယောင်း ထိုသို့ပြောလိုက်တော့ မာမီကလဲ

"ဟုတ်သားပဲ..ဂျောင်ကုရယ် စားပါစေ
ချဥ်ခြင်းတက်နေလို့စားတာပဲ ဘာဖြစ်လဲ
အကဲကိုပိုတယ်....
စား... ထယ်လေး သူ့ဂရုစိုက်မနေနဲ့"ဟုပြောပြီးမာမီကဟင်းထပ်ထည့်ပေးသည်။

JungKookမှာတော့ အလဟဿအပြောခံလိုက်ရသည်မို့ အူကြောင်ကြောင်။
ဘယ့်နှယ့်..ကိုယ့်ယောက်ျားကိုယ်စိတ်ပူလို့ပြောတာကို အကဲပိုတယ်ဆိုပဲ။
JungKook ထယ့်ကိုကြည့်မိတော့
ထယ်က ကိုယ့်ကိုလျှာထုတ်ပြီးပြောင်ပြနေသည်။
'ဒီဟာလေးကတော့ ဆွဲဆက်လုပ်လိုက်ရနော်..'

Jeons' Home Sweet Home Where stories live. Discover now