Part 15

134 9 0
                                    

ထယ်ယောင်းတရေးနိုးလာလို့ နာရီလှမ်းကြည့်မိတော့ မနက်၃နာရီပင်ရှိသေးသည်။
မောင့်ကိုကြည့်ပြန်တော့ မောင်က ကိုယ့်ခါးကိုသူ့ရဲ့တက်တူးအပြည့်ရှိသည့်လက်ဖြင့်သိမ်းကျုံးဖက်ထားရင်း အိပ်မောကျနေသည်။
ပြန်အိပ်လို့လဲမရတာမို့ မနက်စာပြင်ရန်အတွက်အောက်ထပ်ဆင်းဖို့ပြင်လိုက်သည်။

ကိုယ့်ခါးပေါ်က မောင့်လက်ကို ဖြေးဖြေးချင်းဖယ်လိုက်ပြီး အိပ်ရာထက်မှသာသာလေးထလိုက်သည်။

ပြီးမှ မျက်နှာသစ် သွားတိုက် လုပ်စရာရှိတာလုပ်လိုက်ပြီးအောက်ထပ်ဆင်းလာလိုက်တော့ဘယ်သူမှမနိုးကြသေး။
အမြဲမနက်ဝေလီဝေလင်းထတတ်သည့် အိမ်တော်ထိန်းလီပင်မနိုးသေး။

ထယ်ယောင်း အရင်ဆုံး မီးဖိုခန်းမီးဖွင့်လို့ ဆန်ဆေးပြီး ထမင်းအိုးအရင်တည်လိုက်သည်။
ဒီနေ့က ဝက်သားကြော်ကြော်ပြီး ပဲပင်ပေါက်ဟင်းချိုလေးချက်မည်ဖြစ်တာမို့ ထယ်ယောင်း အဲ့ဒါတွေကိုအရင်ချက်ဖြစ်သည်။
ဟင်းရည်ချက်နေတုန်း ထမင်းကျက်သွားတာမို့
ထမင်းအိုးplug ဖြုတ်လိုက်ပြီး NamJinလေးတို့ထမင်းချိုင့်တစ်ကန့်စီမှာ ထမင်းထည့်ပေးလိုက်သည်။

ဟင်းချိုအပေါ့အငန်မြည်းပြီးတော့ အနေတော်ဖြစ်ပြီမို့ မီးပိတ်ပြီး ထမင်းချိုင့်တွေထဲဟင်းတွေထည့်ပေးထားလိုက်သည်။
ဟင်းချိုအိုးကိုဘေးချလို့ နွားနို့အိုးတင်ပြီး နွှေးလိုက်သည်။

ထယ်ယောင်း စားပွဲပေါ်မှာ နွားနို့၊ကော်ဖီ၊မုန့်အစုံတင်ပြီး ထမင်းချိုင့်နှစ်ချိုင့်ကို ဆွဲခြင်းတွေထဲထည့်ပေးလို့ မုန့်ထုပ်တွေ၊ တစ်ရှူးထုပ်လေးတွေပါထည့်ပေးထားလိုက်သည်။
အားလုံးပြင်ဆင်ပြီးလို့ ဧည့်ခန်းထဲကနာရီက
၅နာရီခွဲကိုပြနေသည်။
ထယ်ယောင်း ဆေးတန်တာဆေးပြီး သိမ်းဆည်းနေတုန်း မီးဖိုခန်းထဲဝင်လာတဲ့အိမ်တော်ထိန်းလီက ထယ်ယောင်းကိုတွေ့တော့

"ဟယ်..သခင်လေးထယ်ယောင်း အစောကြီးနိုးနေတာလား အန်တီ့ကိုနှိုးတာမဟုတ်ဘူးကွယ်"

"ရပါတယ် ထယ်လဲပြန်အိပ်မရတော့တာနဲ့ ဟင်းထချက်လိုက်တာ အကုန်ပြီးပြီ"

Jeons' Home Sweet Home Where stories live. Discover now