Part 11

140 8 0
                                    

JungKookတို့တွေ ဂျယ်ဂျူးကနေအိမ်ကိုပြန်ရောက်တော့ အတော်ပင်ညနက်နေလေပြီ။
ဒါကိုမအိပ်သေးဘဲ Jin Hyungကအိမ်တော်ထိန်းလီနဲ့အတူတူဧည့်ခန်းမှာ ထိုင်စောင့်နေသည်ကိုမြင်လိုက်ရသည်။

SeokJin ပေါ်တီကိုကို အိမ်ကကား ထိုးရပ်တာနဲ့
ထိုင်နေရာမှထလို့ ကားအနားအမြန်သွားလိုက်သည်။ ဂျောင်ကုနဲ့ဟိုဆော့နှစ်ယောက်လုံးဒဏ်ရာကြီးကြီးမားမားမရသည့်တိုင် ထိခိုက်လာတာမြင်တော့လဲ ရင်ထဲမကောင်း။

"Jin Hyung..မအိပ်သေးဘူးလား''ဂေျာင်ကုမေးလိုက်တော့

"ဟဲ့..ခွေးကောင်လေးရဲ့ ငါဘယ်လိုလုပ်အိပ်နိုင်ပါ့မလဲ ပြစမ်း ဒဏ်ရာတွေ.."ဟုဆိုကာ ဂျောင်ကုနဲ့ ဟိုဆော့တို့ တစ်ကိုယ်လုံးကိုလှည့်ပတ်ကြည့်နေပြန်တယ်။ ပြီးမှ

"တော်သေးတယ်..ဒီလောက် minor လောက်လေးပဲထိလို့ ဟူး..."

''ကဲပါ..Jinnieရယ် ကိုယ်တို့တွေပင်ပန်းလာတယ် ဟိုမှာ ဟိုဆော့တို့လဲ ဒဏ်ရာကြီးတွေနဲ့နားပါစေတော့"

''ငါသိပါတယ် မင်းမရှည်စမ်းပါနဲ့....
ဒါနဲ့ ဗိုက်မဆာကြဘူးလား တခုခုစားကြအုံးမလား ဟင်?"

''နဲနဲတော့ဆာသလိုပဲ..Jin Hyung"

''ဒါဆို အရင်ကိုယ်လက်သွားသန့်စင်လိုက်ကြ
မင်းတို့စားဖို့ Hyung ပြင်ထားပေးမယ်။
Joon..Hobiကလက်ဒဏ်ရာနဲ့ဆိုတော့ မင်းသူ့ကိုအရင်ကူလုပ်ပေးလိုက် ပြီးမှ မင်းကိုယ်လက်
သန့်စင်လိုက်.. ကြားလား''

''အာ..မဟုတ်တာ Jin Hyungရ
ကျွန်တော်ကိုယ့်ဘာသာလုပ်နိုင်ပါတယ်။
ရတယ် NamJoon ငါအဆင်ပြေတယ်"

''ငါကဒါဆိုဒါလိုက်ပေါ့..Hobiရဲ့
အထွန့်ပြန်မတက်နဲ့စမ်း...."

''မဟုတ်ဘူး Hyung..ကိုယ့်ဘာသာလုပ်လို့ဘာမှမဖြစ်ဘဲ NamJoon ကူမှ နောက်ထပ် ထပ်ကျိုးနေပါ့မယ်ဗျာ.."ဆိုတဲ့ HoSeokအပြောကြောင့်အားလုံးရယ်ပွဲကျကုန်တော့သည်။

အားလုံးကိုယ်စီကိုယ်စီ ကိုယ်လက်သန့်စင်ဖို့သွားကြတာမို့ SeokJin လဲ အိမ်တော်ထိန်းလီတို့နဲ့အတူ မုန့်တွေပြင်ပေးနေလိုက်သည်။
ညနက်ကြီးကို ဗိုက်အရမ်းဝအောင်စားလိုက်ရင်ရင်ပြည့်တတ်တယ်မလား..

Jeons' Home Sweet Home Where stories live. Discover now