အခန်း[၄]

Start from the beginning
                                    

လင်းဆွေ့ယန်သည် ပါးလျသော မျက်ခုံးများကိုပင့်၍ မုလန်ထံသို့ အပြုံးတစ်ခုနှင့် လှမ်းကြည့်သည်။

“စီနီယာဆိုပါလား?”

မုလန်ကပြုံးရင်းပြန်ပြောလေသည် ။

“ဝမ်ကျင်းနဲ့စကားပြောကြည့်တော့မှ သူလည်းAတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဆိုတာသိလိုက်ရတယ်လေ။အဲ့တာကြောင့် သူက ငါ့ကို စီနီယာလို့ခေါ်တာ”

လင်းဆွေ့ယန် ပြုံးလိုက်၏။

“ဪ”

ခဏလောက်စကားပြောကြပြီးနောက် စူးယွီလီသည်  ယစ်ပြီး ဟိုဟိုဒီဒီလျှောက် ပြောနေသည့် လင်းဆွေ့ယန်အား  အဝေးဆွဲထုတ်သွားတော့သည်။

စူးယွီလီနှင့် လင်းဆွေ့ယန်တို့ ထွက်သွားကြပြီးနောက် မုလန်သည် ထိုလူနှစ်ယောက်၏ ကျောအား စိုက်ကြည့်နေလေသည်။သူ့မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့လာပြီး လက်ထဲမှ ဝိုက်ခွက်အား လှည့်နေ၏။ထိုလူနှစ်ယောက်ကိုကြည့်နေသည့် သူ့အကြည့်တွေက အဓိပ္ပါယ်ဖွင့်ဆိုရခက်လွန်းနေခဲ့သည်။

နောက်ဆုံးတော့ သူသည် ဝိုင်ခွက်အား မော့သောက်လိုက်တော့သည်။

စူးယွီလီသည် လင်းဆွေ့ယန်နှင့်လော်ရှင်းအား အတူရှိနေခွင့်မပေးဘဲ မင်္ဂလာပွဲပြီးသည်အထိ ကိုယ်ချင်းဆက်အမွှာလိုလင်းဆွေ့ယန်အနားမှာပဲ ကပ်နေခဲ့၏။

အားလုံးပြီးစီးသွားသည့် အချိန်၌ စူးယွီလီတစ်ယောက် လင်းမိသားစုဆီ ပြန်ရ၏။သူ့အခန်းထဲရောက်တာနဲ့ အိပ်ရာပေါ်ပစ်လှဲချလိုက်သည်။ သူ့လက်တစ်ချောင်းတောင် မလှုပ်နိုင်တော့ပေ။လည်စည်းအား ဖြေလျော့လိုက်ရင်း မင်္ဂလာပွဲက အရမ်းစိတ်ညစ်စရာကောင်းလွန်းတယ်ဟု သူ့ဘာသာ တွေးမိ၏။ ရယ်ပြရလွန်း၍ သူ့မျက်နှာကြီးပါ တောင့်နေပြီဖြစ်သည်။

စူးယွီလီ၏မျက်ခွံတွေ လေလံနေပြီး ဒီတိုင်းပဲ အိပ်ပစ်လိုက်‌ချင်သော်လည်း ငယ်ငယ်တည်းက တစ်ကိုယ်ရည်သန့်ရှင်းပြီးမှ အိပ်တတ်သည့် အကျင့်ကြီးကြောင့် အိပ်မရခဲ့ပါ။

စူးယွီလီဟာ အိပ်ချင်မူးတူးနဲ့ပဲ ထရပ်လိုက်၏။သူ့ဝတ်စုံအား ချွတ်ပြီး နက်တိုင်ဖြည်နေသည့် အချိန် "ကလစ်" ခနဲ အသံတိုးတိုးလေးကို ကြားလိုက်ရသည်။သူလှည့်ကြည့်လိုက်တော့ လင်းဆွေ့ယန် အခန်းထဲဝင်လာခြင်းဖြစ်နေ၏။

လရောင်ဖြူရဲ့အစားထိုးဖြစ်ဖို့ကူးပြောင်းလာခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now