-မိတ်ဆက်-

8.5K 538 31
                                    

Unicode


"အစားထိုး"ဆိုတဲ့ ခွေးသွေးလိင်တူစာအုပ်ထဲက အဓိက‌ဇာတ်ကောင်သည် ဘဝရဲ့နောက်ဆုံးအချိန်ထိ သူ့ယောင်္ကျားတစ်ယောက်နှလုံးသားထဲက လရောင်ဖြူလေးကို ကာကွယ်ဖို့ သူ့ကို အစားထိုးပစ္စည်းတစ်ခုအနေဖြင့် သုံးနေခြင်းသာဖြစ်ကြောင်း မသိသွားခဲ့တာ အတော်လေး သနားဖို့ကောင်းသည်။

ရန်သူများသောဇာတ်လိုက်gongသည် သူချစ်သောလူကို ကာကွယ်ရန် အဓိကဇာတ်ကောင်ကို ချစ်ရေးဆိုပြီး ချစ်သူအနေနဲ့ ဖော်ပြဖို့ ရွေးချယ်လိုက်သည်။

စာအုပ်ထဲက ဇာတ်လိုက် shou မှာ ကားတိုက်ခံရခြင်း၊ပြန်ပေးဆွဲခံလိုက်ရခြင်း၊မျက်နှာဖျက်ဆီးခံလိုက်ရခြင်း၊ဆေးရုံတက်ရခြင်းစတဲ့ ပြဿနာအတွဲလိုက်ကြီး ခံစားရတဲ့အပြင် နောက်ဆုံး သူသေသွားတာတောင်မှ ကြာပန်းဖြူလက်ထဲမှာ ဆိုတော့ကာ ထိုသူရဲ့ကံကြမ္မာက အလွန်အမင်းဆိုးရွားသည်ဟု ဖော်ပြနိုင်သည်။

ဒါဆို အဲ့ခါးသီးဖွယ်ကောင်းလှတဲ့ ဇာတ်လိုက်ကိုယ်ထဲ ကူးပြောင်းလာတဲ့ စူးယွီလီလေးက ပိုပြီးတောင် သနားဖို့ကောင်းမနေဘူးလား။သူကူးပြောင်းလာတဲ့အချိန်မှာ အဲ့ဆန်ကုန်မြေလေးgongနဲ့ လက်ထပ်ပြီးသွားပြီ။ဒါ့ပြင် gongရဲ့ရန်သူတွေကလည်း သူ့ကို သိသွားပြီးကြပြီတဲ့။

စူးယွီလီကအလွန်တည်ငြိမ်သည်။ဆန်ကုန်မြေလေးgongနဲ့ လက်ထပ်ပြီးမှန်းလဲသိရော သူသေဆုံးရမှာထက် ထွက်သွားဖို့ကိုသာ မြန်မြန်လုပ်တော့သည်။

သူ့ယောင်္ကျား ဆန်ကုန်မြေလေးကောင် ရန်သူတွေအားလုံးကို သတ်လို့မပြီးမချင်း စာအုပ်ထဲက အချက်တွေတိုင်း ဖြတ်ထိုး‌ဉာဏ်လေးသုံးပြီးနေထိုင်လေသည်။

အားလုံး ပြီးတာနဲ့ စူးယွီလီ အထုပ်တွေထုပ်ပြီး ထွက်ပြေးတော့သည်!

စူးယွီလီ : "ကလိမ်ကကျစ်လူယုတ်မာကောင်နဲ့လရောင်ဖြူကောင်တို့ရေ ... ဒီသခင်လေးက ကိုယ့်ဘဝနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်နေသွားတော့မှာမို့ ....ဘိုင်! ဘိုင် ပဲ"

သို့သော် တစ်လကြာပြီးနောက် လက်မှတ်မထိုးရသေးသောကွာရှင်းစာရွက်တွေကိုင်ထားသည့် ယောင်္ကျားတစ်ယောက်က နီရဲသောမျက်လုံးများဖြင့် သူ့ကို ချောင်ပိတ်ထားပြီ-

လရောင်ဖြူရဲ့အစားထိုးဖြစ်ဖို့ကူးပြောင်းလာခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now