ကောင်းကင်ယံတစ်ယောက် ဒီနေ့ တစ်နေ့လုံး ပိတ်ရက်တောင် သူပစ်ထားပြီးစာကြည့်ခန်းထဲမှာ အလုပ်လုပ်နေတဲ့သူကိုစိတ်ဆိုးမိသွားသည်။ အဲ့တော့ သူစိတ်ဆိုးတာကို အခန်းထဲက လူကြီးက မသိပေ ။ အဲ့တော့ ဘာဖြစ်လဲ အဲ့လူကြီးတောင် သူ့ကိုဂရုမစိုက်တာ သူလဲ ဘာကိုဂရုစိုက်ရမှာလဲ ဆိုကာ ခြံပြင်ထွက်ပြီး လမ်းထိပ်က ဘောလုံးကွင်းဆီရောက်ခဲ့သည်။ဒီဘောလုံးကွင်းက လမ်း နှစ်လမ်းရဲ့ ထိပ်မှာဖြစ်ပြီး ညနေဆို ရပ်ကွက်ထဲက ကလေးတွေက ဘောလုံးကန်ကာ လူကြီးတွေကတော့ ခြင်းဝိုင်းရှိသည်။ ဘေးဘက် ပန်းခြံထဲက ကစားကွင်းမှာလဲ အရွယ်စုံရှိကာ အေးချမ်းနေသည်။ ကောင်းကင် ယံကတော့ ဘောလုံးကစားဖို့သာ အားသာနေတယ် သူဘောလုံးကွင်းထဲဝင်လိုက်တာနဲ့ ကလေးတစ်ယောက်က
"ကိုကြီးကောင်းကောင်း လာပြီဟေ့ "
"အေးး ငါမင်းတို့နဲ့ အတူဆော့မလို့ "
"ကိုကြီးမိုးစက်ကရော ခွင့်ပြုလို့လား "
"ငါ့ဘာသာလာဆော့တာသူ့ခွင့်ပြုချက်ယူစရာလား "
"ဟာ ကိုကြီးမသိလို့ ဟိုတစိခေါက် ကိုကြီး ခြေထောက်ခေါက်သွားတုန်းကတောင် ကျနော်တို့ကိုဆူသေးတယ် "
"အခု ဘာမှမဖြစ်ဘူး လာပါကွာ ငါမုန့်တီဝယိတိုက်ပါ့မယ် "
ဆိုကာ အစားနဲ့ချော့ ပြီးဘောလုံးကန်ကြသည်။ ကလေးတွေနဲ့ကန်တာက ပျော်ဖို့ကောင်းသည်။ ကလေးများအလယ်မှာတော့ အပေါ် အဖြူ အောက်အဖြူနဲ့ကောင်လေးက ထင်းထွက်နေသည်။ ဘယ်သူထင်မှာလဲ အဲ့ကောင်လေးက ဆော့ဝဲလ် အင်ဂျင်နီယာ ပေါက်စဆိုတာပင်ဖြစ်သည်။
ကလေးတွေနဲ့ ကစားရတာမောသွားလို့ သူတို့ကို အမောဖြေရင်း မုန့်တီ တိုက်ရတော့သည်။ မုန့်တီရတော့ ကောင်းကင်လဲ မစားရတာကြာပြီဆိုကာ ငရုတ်သီး အများကြီးထည့်ကာ တရှုးရှုး တရှဲရှဲ စားတော့သည်။ ထိုချိန်....
"ကောင်း..ကင်...ယံ ဒါဘာလုပ်နေတာလဲ "
ဆိုတဲ့အသံကြောင့်သောက်နေတဲ့ မုန့်တီ သီးသွားသည်။
"အဟွတ်...ဟွတ်....ဟွတ်....".
"ဘယ်လိုတောင်စားတာလဲ ကောင်းကောင်းားမစဘူး "
YOU ARE READING
Bl one short collection
General FictionOne short လေးတွေရေးပါ့မယ် သိပ်မရေးတတ်လို့ အားပေးကြပါအုန်းကလေးတွေ punishment type တွေပါပဲနော်