သော်ကမောင် + ရဲရင့်ထွေး

4.8K 101 12
                                    

"ကဲ ဒီနေ့တော့ ဒီလောက်ပဲ ပေးထားတဲအိမ်စာတွေသေချာလုပ်လယကြ မနက်ဖြန်စစ်မယ် မသိရင် ဒီမှာတွေ့တယ်နော် ကြိမ်လုံးကိုကြည့်ထားကြ "

ဆ်ိုကာခုံပေါ်ကတင်ထားတဲ့ ကြိမ်လုံးကိုပြကာခြောက်လိုက်သည်။ အဲ့တော့မှ

"ဟုတ်ကဲ့ပါ ဆရာ "

ဆိုသည့်အသံများထွက်လာသည်။ သောကမောင် သူကျောင်းဆရာအလုပ်ကို မြတ်နိုးသည်။ အဲ့ဒါကြောင့်အမွေပေးတဲ့ ကုမ္ပဏီ ကို မဆက်ခံဘဲ လူစားလွှတ်ထားသည်။ အရမ်းအရေးကြီးမှသာ သူသွားသည်။ ချမ်းသာတဲ့ဂုဏ်ကိုမထုတ်ချင်တာကြောင်အေးဆေးသာမန်ကျောင်းဆရာလေးတစ်ဦးသာ လုပ်နေတော့သည်။

"ဆရာ ဆရာ ရဲရင့်ထွေးတို့ကျောင်းအနောက်ဘက်မှာ ရန်ဖြစ်နေတယ် ဆရာ "

"ဘာ အေး အေး ဆရာလိုက်ခဲ့မယ် "

သူစာစစ်နေတုန်းလာခေါ်တာမို့ ထွက်လာခဲ့သည်။ ဒီကလေး ဘယ်လောက်ဆုံးမ ဆုံးမ မရပေ။ ကျောင့းရဲ့ အဆိုးဆုံးကလေး သူကိုယ်တိုင်းဆုံးမ မှရသည်။ သူ့ဘဲကြောက်ကာ ကျန်တဲ့ဆရာမတွေကို မကြောက်ပေ ။ သူလဲ ရန်ဖြစ်နေတဲ့ ကျောင်းအနောက်ဘက်ဆီက်ို လိုက်လာတော့

"ရဲရင့်ထွေးကို လာစိန်မခေါ်နဲ့ မင်းရဲ့ ဒီ အဆင့်နဲ့ မတက်လာနဲ့ "

ဆိုကာ သူက ဦးအောင်ထိုးလိုက်ကြသည်။ အဲ့အချိန်မှာပဲ 'ဟေ့ ရပ်ကြစမ်း ' ဆိုတဲ့ အသံကြောင့်ရန်ပွဲက မီးကို ရေနဲ့ဖြန်းသလို ရှဲခနဲ ငြိမ်သွားသည်။ မရပ်လို့လဲ မရပေ အဲ့ဒါက ရဲရင့်ထွေးရဲ့ အုပ်ထိန်းသူ တစ်ဖြစ်လဲ ကျောင်းရဲ စည်းကမ်းအကြီးဆုံးနဲ့အရိုက်အကြမ်းဆုံးဆရာ သော်ကမောင် ဖြစ်သည်။

"ရန်ဖြစ်တဲ့သူမှန်သမျှ ငါ့အခန်းထဲ အခုလိုက်ခဲ့ တစ်ယောက်မှမကျန်ခဲ့စေနဲ့ ကျန်တဲ့သူ နှစ်ဆပဲ နောက်ငါးမိနစ်အတွင်းမင်းတို့ကိုတွေ့​ချင်တယ် "

ဆိုကာ ပြန်ထွက်သွားတဲ့ ဆရာနောက်အားလုံးခြေလှမ်းမှန်မှန်နဲ့ရောက်လာညသ်။ အခန်းထဲရောက်တော့ ရန်ဖြစ်တဲ့သူအာလုံးမတ်တပ်ရပ်လက်ပိုက်က တန်းစီနေသည်။ သူတို့အရှေ့မှာတော့ ဆရာသော်ကမောင်ထိုင်နေကာ စာပွဲပေါ်မှာ ကြိမ်လုံးသုံးချောင်းတင်ထားသည်။ ဘယ်သူမှလဲ အသံမထွက်ရဲသလို မော့မကြည့်လာကြပေ အပြစ်လုပ်ထားပြီးကြောက်နေကြပြန်သည်။

Bl one short collection Where stories live. Discover now