မမဝေက ရယ်ရင်း ခေါင်းငြိမ့်သည်။

"အဲလောက်လည်း Pressure မများပါနဲ့ကွာ၊ကေသီ အောင်မှာ မမသိတယ်၊မမဖြေတုန်းက ကြည့်တဲ့စာအုပ်တွေရှိတယ်၊ကေသီလိုရင် လာယူလှည့်"

"ကျေးဇူးပဲမမရယ်"

ကျွန်မ လှိုက်လှဲစွာ ပြောမိသည်။တစ်ခါတစ်ခါကျတော့ အခုလိုအားပေးစကားလေးတွေကြားချင်နေတဲ့အချိန်လည်း ရှိတတ်တာပဲနော်။ကျွန်မ စိတ်ထဲကပြောမိသည်။

ညနေ၆ နာရီလောက်တွင်တော့ ၉လမ်းက ဆိုင်တစ်ခုတွင် ကျွန်မတို့ရောက်ရှိနေပြီ။ကျွန်မတို့ ခွဲစိတ်ဆောင်တွင် တာဝန်ကျသော အလုပ်သင်ဆရာဝန်ကလေးများပြောင်းရွှေ့ရတော့မည်ဖြစ်၍ နှုတ်ဆက်ပွဲလုပ်ပေးခြင်းပါ။မိန်းကလေး နှစ်ယောက်၊ယောကျ်ားလေးသုံးယောက်၊အားလုံးငါးယောက်ဖြစ်သည်။ပညာလည်းလိုချင်ကြပြီး အလုပ်ကြိုးစားကြကာ အကြီးတွေနှင့်လည်း အဆင်ပြေကြသောကြောင့် ပြောင်းရတော့မည်ဆိုတော့ စိတ်မကောင်းကြ။ဒါပေမယ့် ဒါ မျိုးက ဖြစ်နေကျ၊၊နောက်အသစ်ရောက်လာလျှင်လည်း သုံးလပြည့်လျှင် ထပ်ပြောင်းရဦးမည်ပင်။အခုချိန်တွင်တော့ ရာထူးတွေကြီးငယ်တွေဘေးချိတ်၊ဝဒ်ထဲမှာရခဲ့တဲ့အတွေ့အကြုံတွေ တစ်ယောက်တလှည့်ပြောကြ၊သီချင်းအတူတူဆိုကြ၊ပျော်ကြ၊စနောက်ကြသည်။

ထိုအချိန်တွင် ကျွန်မအိပ်ကပ်ထဲမှ ဖုန်းမြည်လာသည်။ vibrate လုပ်ထား၍ တော်ပါသေးသည်။အခန်းအပြင်သို့မသိမသာ ထွက်လာခဲ့၏။ဖုန်းဆက်လာသူက ပိုင်ပိုင်။အချိန်က ကိုးနာရီ။

"ပိုင်ပိုင်၊ဘာဖြစ်လို့လဲ"

"မမရယ်၊မေမေ တစ်ခုခုဖြစ်နေပြီလားမသိဘူး"
ပိုင်ပိုင့်အသံက ငိုချင်ချင်။

" မမကိုရှင်းအောင်ပြောပြဦးလေပိုင်ပိုင်၊မငိုနဲ့"

"ရှစ်နာရီလောက်က မေမေဖုန်းဆက်တယ်၊ 19 လမ်းစျေးမှာရောက်နေတုန်း ဘာဝယ်လာခဲ့ရမလဲတဲ့၊ပိုင်ပိုင် ဂဏန်းကော်ကြော် မှာလိုက်တယ်၊ဝယ်ခဲ့မယ်ပြောပြီး ရှစ်နာရီခွဲကျော်ကျော်လောက်က ဖုန်းထပ်ဆက်လာလို့ ကိုင်လိုက်တော့ ဘာမှမပြောဘဲကျသွားတယ် ၊ပိုင်ပိုင်ထပ်ဆက်တော့ စက်ပိတ်သွားတာအခုထိပဲ၊ပြန်လည်းမရောက်ဘူးမမရယ်"

To Cathy With LoveWhere stories live. Discover now