Chapter 171: Perhaps (6)

Začít od začátku
                                    

"အင်း ​တွေ့ ရတာဝမ်းသာပါတယ် နတ်သူငယ်​ပေါက်စန​လေး" 

Raon ၏ဘုန်း​တော်ကြီးအား​ တောက်ပစွာပြန်လည်နူတ်ဆက်လိုက်ခြင်းက ကျန်သည့်တခြားနတ်သူငယ်များအား အလိုလို စတင်ပြုံးလာ​စေခဲ့သည်။ 

သူတို့သည်​ ခေါင်းအားတလှုပ်လှုပ်ငြိမ့်ကာ သူတို့၏အကြည့်မှာလည်း Raon အ​ပေါ် သာကျ​ရောက်​နေကြသည်။ ထို့အပြင် သူတို့သည် Eruhaben ၏အမှာစကားအားလာ​ရောက်​ပေးပို့​သော Cale ဘက်သို့ မကြာခဏဆိုသလို လှည့်ကြည့်တတ်​သော်လည်း ထိုသည်မှာ ဆယ်​ကွေ့ မှတစ်​ကွေ့ ဖြစ်​လေသည်။ 

ထိုသည်တို့​ကြောင့် သူတို့သည် Cale ​ပြောဖို့လိုအပ်သည့်စကားတို့အား ဘာတစ်လုံးမှနားလည်ကြမည်မဟုတ်​ပေ။ နတ်သူငယ်တို့သည် တမင်သက်သက် Cale အားလျစ်လျူ​နေကြတာမျိုးလည်း မဟုတ်ရပါ။ သူတို့မှာ ဒီတိုင်း Raon အ​ပေါ် သို့ အာရုံမစိုက်ဘဲမ​နေနိုင်ဖြစ်​နေကြတာဖြစ်၏။ 

ဒါ​ပေါ့ Cale မသိသည့်အရာတစ်ခုလည်းရှိ​နေ၏။

နတ်သူငယ်များက​ခေါင်းတငြိမ့်ငြိမ့်လူပ်၍ သူ့ဘက်သို့ မကြာခဏဆိုသလို လှည့်ကြည့်​နေကြသည့်အ​ကြောင်းရင်းရှိ​နေသည်။ 

အ​ကြောင်းရင်းမှာ Cale တစ်​ယောက် မမြင်​တွေ့ နိုင်သည့်တည်ရှိမှုတို့ ပြောကြား​နေ​သောစကားဝိုင်းကြောင့်ပင်။ 

[ ဒြပ်စင်​တွေ နဲ့ ​လောကသစ်ပင်ရဲ့​ပြောစကားကို ' ▪︎ ' ဒီဟာ​လေးနဲ့သ​​င်္ကေတပြထားပါတယ် ]

▪︎ "လောကသစ်ပင်ကြီးက ဘုန်း​တော်ကြီးကို​ပြောစရာရှိလို့အ​ခေါ် ရှိတာက ဒီအနီ​ရောင်ဆံပင်နဲ့လူ​ကြောင့်တဲ့! ငါထင်တယ် လူသားတစ်​ယောက်အ​ကြောင်း​ လောကသစ်ပင်ကြီး​​ပြောလာတာ ဒါနှစ်​ပေါင်းတစ်ရာ​ကျော်ပြီးမှပထမဆုံးဖြစ်မယ်!" 

▪︎ "ဒီလူသား​ပေါ် မှာ အား​ကောင်းတဲ့သဘာဝအ​ငွေ့ အသက်​တွေရှိ​နေတယ်! သူက သဘာဝဒြပ်စင်အများဆုံးကို ပိုင်ဆိုင်ထားတဲ့လူသားဖြစ်​လောက်တယ်!" 

▪︎ "အာ့​ကြောင့်မို့ သူ့အနားမှာ နဂါးနှစ်​ကောင်​တောင်ရှိ​နေတာ မဆန်းပါဘူး...ဒီလူသားကတကယ်အနံ့အသက်​ကောင်းတာကို" 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Kde žijí příběhy. Začni objevovat