ကံကော်(mesua ferrea)part-6

Start from the beginning
                                    

အော်သံ မဟုတ်သော်ညားလည်း အသံအေးအေးဖြင့် ပြောနေသည်မှာ အလွန်ပင်ကြောက်စရာကောင်းလှသည်။ အေးတိအေးစက် အပြုံးတို့ဖြင့်ပြောနေသော သမိုင်းဆရာမ၏ပုံစံမှာ ကြောက်စရာအတိပင်။

ရှိုင်းလည်း လန့်ဖျတ်ပြီး အလျင်အမြန်ထကာ

'တောင်းပန်ပါတယ် ဆရာမ ညက အိပ်တာနောက်ကျသွားလို့ပါ။'

'သမီးလည်း တောင်းပန်ပါတယ်ဆရာမ'

'အေး...နောက်ခါမဖြစ်စေနဲ့ အခုတော့ထိုင်ကြ နောက်ခါ ထပ်အိပ်လို့ကတော့ အခန်းပြင်ထုတ်ခံရမယ်မှတ်'

'.....'

'ကြားလား....'ဟုအော်လိုက်ရာ ရှိုင်းမှ

'ကြားပါတယ် ဆရာမ'

'ထိုင်'

'တော်တော် ဇီဇာကြောင်တဲ့ အပျိုကြီး အဲ့ သူရသီရိကျော်စွာကြီးက သူများတကာ အိပ်နေတာကို ဘာမှန်းလည်းမသိဘူး'သမိုင်းဆရာမထွက်သွားပြီးမှ ရှိုင်းမကျေမနပ် ဟန်ဖြင့်ပြောလိုက်သည်။

'တော်ပြီ နင်ကလည်း အိပ်သေးတယ် ဆရာမကိုလည်း အပစ်ပြောသေးတယ် ငရဲကြီးမယ် ရှိုင်းစုတ် အခုအဝတ်သွားလဲမယ် ထ'

'ဟုတ်ကဲ့ပါ ခင်ဗျ'

အိမ်သာသို့ အရောက် အင်္ကျီလဲပြီး အပြင်သို့ထွက်လာချိန် တွေ့မြင်လိုက်ရသော မျက်ဝန်းတစ်စုံ သိပ်...ကိုလှရက်တယ်ဗျာ။ အခြားသူမဟုတ် ရှိုင်း၏ တစ်ဦးတည်းသော တီချယ်ပင် Bခန်းအတန်းပိုင်နှင့် အတူ အိမ်သာလာပုံရသည်။

ထိုစဥ်Bခန်းမှ ကောင်မလေးမှ သူတို့အခန်းက ကောင်မလေး တယောက်အား စနောက်ကာ သူတို့ အတန်းပိုင်ကို တိုင်ပြောနေသည်။

'ဆရာမ သူလေ ညက ဖုန်းတွေဘဲသုံးနေတယ်သိလား အချိန်ပြည့်လိုင်းပေါ်မှာကြီးဘဲ'

'ဟုလား အေးအေး တွေ့မယ်'ဟု Bခန်း အတန်းပိုင် ဆရာမမှ ပြောကာ အိမ်သာသို့ဝင်သွားသည်။

ထိုအချိန်တွင် တီချယ်မှ တခုခု သရိသွားဟန်ဖြင့် ရှိုင်းကို ကြည့်ကာ

'အချိန်ပြည့်လိုင်းပေါ် မှာကြီးဘဲ စာမလုပ်ဘူးလား ရှိုင်းထက်အိမ်' ဟုပြောလေသည်။

ကံ့ကော် (mesua ferrea)Where stories live. Discover now