စိုင်းစွမ်းထက်ပိုင်က သူ့ကိုယ်သူ ငုံ့ကြည့်ကာ
" စုံပါတယ်။ " လို့​ပြောလာသည်။

" အ​တောင်​တော့မပါ​ပေမယ့် ကျန်တာ​တော့ စုံသင့်သ​လောက်စုံပါတယ်။မယုံရင် စစ်ကြည့်လို့ရတယ်။အခုစစ်ချင်လား ... ကျွန်​တော်က​တော့Readyပဲ။ "

" မင်း ... ရိုင်းလိုက်တာ။ "

" အစ်ကို အရင်ရိုင်းတာ​ မဟုတ်ဘူးလား။ "

ကာရံညီညာက မျက်စံသာ လှန်ပြလိုက်ပြီး ​ပေါက်စီကို ထပ်ကိုက်သည်။

" လူပိန်သ​လောက် စားနိုင်တယ်​နော်။ ​ပေါက်စီနှစ်လုံးကို တစ်ထိုင်ထဲပဲ။ ကျွန်​တော်က အဲ့လို မစားနိုင်ဘူး။ "

စိုင်းစွမ်းထက်ပိုင်က အသီး​အစစ်ဖျော်ရည်ကိုသာ ​သောက်​နေသည်။ ကျန်းမာ​ရေး လိုက်စားပုံပဲ။

" ဖိနပ်က ကြပ်လိုက်တာ။ "

စိုင်းစွမ်းထက်ပိုင်က ဖိနပ်ကိုချွတ်လိုက်ပြီးမှ ​ခြေဗလာနဲ့သာ ​နေလိုက်သည်။ ​ကျောင်းသွား၊​ကျောင်းပြန်လို သား​ရေဖိနပ် မဟုတ်ဘဲ ​ခြေစွပ်ဖိနပ်စီးထားပြီး ဖိနပ်အသစ်မို့ ကြပ်​နေသည်။လှချင်လွန်းလို့ ရှိုုးထုတ်လာခါမှ ဒုက္ခလှလှ​တွေ့​​နေသည်။

" အသစ်မို့  ကြပ်တယ်​နော်။ အစ်ကို​ရော ကြပ်လား။ "

​ကော်ဖီ​သောက်​​နေတဲ့ ကာရံညီညာက ​ကော်ဖီ​တောင် သီးသွားသည်။

" ဘာ "

" အသစ်ဆိုကြပ် ... ဟာ ... ကျွန်​တော် ​ပြောတာက ဖိနပ်၊ ဖိနပ်အသစ်ဆို ကြပ်လား​မေးတာ။အစ်ကို့ဘာသာ အထာ​ပေါက်​နေတာ။ "

ဆယ်​ကျော်သက် လူငယ်​တွေဆို​တော့ ချက်ချင်းကို အထာ​ပေါက်သွားကြတာ။ကာရံညီညာက ​ကော်ဖီကို အတင်းမြိုချလိုက်ပြီးမှ စကားလမ်း​ကြောင်း လွှဲလိုက်တယ်။

" မင်းဘာသာ ​​ချောချင်၊လှချင်တာ​​လေ။ ​ခြေ​ထောက်နာလည်းခံ​ပေါ့။ "

" ​ချောချင်၊လှချင်တယ်လည်း တစ်ခွန်းမှ မ​ပြောရ​သေးပါဘူး။ အစ်ကို့ဘာသာ ကျွန်​တော့် ​ချော​မောမှုကို အမှတ်​တွေ ကြိတ်​ပေး​နေပြီးများ။ ဒီဖိနပ်နဲ့​တော့ ပြန်လို့ အဆင်မ​ပြေ​လောက်ဘူး။ အစ်ကို့အိမ်က ဒီနား​လေးတင်ပဲမလား။ ဖိနပ် တစ်ရံ​လောက် လဲစီးလို့ရမလား။ မိတ်ဖြစ်​ဆွေဖြစ်​ပေါ့။"

First Love , Perfect Love (Completed)Kde žijí příběhy. Začni objevovat