[မနေ့ကထက်ပိုချစ်တယ်]
လရောင်လက်မှာပတ်ထားတဲ့နာရီကိုငုံ့ကြည့်လိုက်တော့ နေ့လယ်ဆယ်တစ်နာရီခွဲနေပြီဖြစ်၏ လုပ်လက်စအလုပ်ကိုလက်စသတ်လိုက်ပြီး ကိုကို"ကိုလှမ်းကြည့်လိုက်တော့ Computerတစ်လုံးနဲ့ပတ်ဝန်းကျင်ကိုမေ့ထား၍ အလုပ်ထဲအာရုံရောက်နေပုံပေါ်သည်။ လရောင်သူ့အလုပ်စားပွဲကနေထကာ ကိုကိုအလုပ်စားပွဲနားလျှောက်သွားလိုက်၍။
" ကိုကို "
လရောင်ခေါ်သံကို"ကိုကိုကကြားပေမဲ့ အရေးမလုပ်ကိုကိုလက်ချောင်းသွယ်သွယ်လေးတွေက Computer Keyboardပေါ်မှာတတောက်တောက်နဲ့ပြေးလွှာနေသည်။ လရောင်ကိုကို Computer Power button နှိပ်ချပစ်လိုက်တော့ မော့ကြည့်လာတဲ့ကိုကိုက သူ့ကိုစိတ်တိုစွာ။
" ဘာလုပ်တာလဲ ! အလုပ် Folder Save မထားရသေးဘူး !"
" အရေးမကြီးဘူး သွားမယ် ကိုကိုထမင်းစားပြီးရင် ဆေးသွားစစ်ရဦးမှာ "
" မင်း !"
ကြယ်စင်မင်း လရောင်ကိုစိတ်တိုတိုနဲ့ကြည့်လိုက်ပေမဲ့ လရောင်ကတော့သူစိတ်တိုနေတာကိုပြုံးကြည့်လာကာ။
" လာပါ ကိုကိုရာ ကိုကိုကျန်းမားရေးထပ်ဘယ်အရာမှ ကျွန်တော်အတွက်ပိုအရေးမကြီးဘူး "
" အဲဒါကမင်းအပိုင်းလေ ငါ့အတွက်တော့ဒီကုမ္ပဏီက ငါ့မိဘတွေရဲ့အမွေ ငါ့ရဲ့အသက်ပဲ !"
" ဟုတ်ပါပြီ ကိုကိုအသက်ဆိုမှာတော့ ကျွန်တော်ကဒီကုမ္ပဏီကိုတန်ဖိုးထားစောင့်ရှောက်ပါမယ် ဒီထပ်မကလဲအောင်မြင်အောင်ကြိုးစားပေးပါမယ်နော်ကိုကို အခုတော့သွားကြရအောင် "
ကြယ်စင်မင်း စားပွဲပေါ်ကဖိုင်တွဲတွေကိုသေချာပြန်စီလိုက်၍အပြင်သွားရန်ပြင်လိုက်သည်။
လရောင် ကိုကိုနဲ့အတူရုံးခန်းထဲကထွက်လာ၍ ဓာတ်လှေကားထဲအတူဝင်လိုက်ကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။ ကိုကိုကတော့ထုံးစံအတိုင်းမျက်နှာတည်တည်ကြီးနဲ့လရောင်ကိုစကားတစ်ခွန်းမှမပြောပဲလိုက်လာသည်။
လရောင် ကိုကိုကို့သေချာကြည့်မိတော့ အသားရောင်တွေကပုံမှန်ဖြစ်မနေသလို ဝတယ်မဟုတ်ပဲအနည်းငယ်ရောင်နေနေတဲ့ ကိုကိုမျက်နှာနဲ့လက်တွေခြေချောင်းတွေကြောင့် ထုတ်မပြောပဲပေမဲ့ ရင်ထဲမှာစိုးရိမ်နေမိ၏ သူလည်းဆေးကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့် ကိုကိုအနေထားအရရောဂါလက္ခဏာတစ်ခုခုပြနေတာမို့ လရောင် ကြောက်နေမိသည်။
![](https://img.wattpad.com/cover/333352123-288-k151002.jpg)