Vol.2 [ 8 ]

2.9K 122 2
                                    

[မနေ့ကထက်ပိုချစ်တယ်]

" အွန်း "

အိပ်ပျော်နေချိန်နှုတ်ခမ်းတွေကိုနမ်းရှိုက်စုပ်ယူခံလိုက်ရတာကြောင့် ကြယ်စင်မင်းအသက်ရှူကျပ်ကာနိုးလာတော့ သူ့အပေါ်မှာအုံမိုးထားပြီးသူကိုနမ်းရှိုက်နေတဲ့လရောင် လက်တွေကလဲကြယ်မင်းစင်အင်္ကျီအောက်လျှိုဝင်၍ခါးစပ်တစ်လျှောက်ကိုပွတ်သပ်နေသည်။

" အွန်း ! မင်း ! ဘာလုပ်တာလဲ !"

" ရှူး တိုးတိုး သားလေးနိုးသွားမယ် ကိုကို "

သူ့ကိုစိတ်တိုတိုနဲ့မျက်လုံးပြူး၍အော်လာတဲ့ ကိုကို"ကိုလရောင်အသံတိုးရန်သတိပေးလိုက်တော့မှကိုကိုကဘေးကိုခေါင်းစောင်းကာသားလေးအိပ်နေတာကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ကိုတွန်းထုတ်လာသည်။

" မင်း ! ဖယ်စမ်း ငါ့ပေါ်က !"

အံကြိတ်၍ ခပ်တိုးတိုးပြောလာတဲ့ ကိုကိုကသားလေးနိုးသွားမှာစိုးရိမ်နေသည်။

" မဖယ်ချင်ဘူး ကိုကို "

" မင်း !!!!"

ကိုကိုကအံကြိတ်၍ သွားကြားလေထွက်အသံလေးနဲ့လရောင်ကိုဒေါသထွက်ပြလာပေမဲ့ လရောင်ဂရုမစိုက်စွာကိုကိုလည်တိုင်ကိုငုံနမ်းစုပ်ယူလိုက်၍ လက်တွေကလဲကိုကိုခါးစပ်လေးတွေကိုပွတ်သပ်လိုက်သည်။

" မင်း ! ဘယ်လို ဖြစ်နေတာလဲ ! ငါ့ကိုလွှတ်စမ်း !"

" အဟိ , ကိုကိုခ  "

" ဟင့် !"

ရုတ်တရက်သားလေးဆီကအသံထွက်လာတော့ လရောင်ရောကိုကိုပါထိတ်လန့်သွား၍ သားလေးကိုကြည့်လိုက်တော့ အိပ်မက်ယောင်‌နေတာဖြစ်၏။

သားလေးပြန်ငြိမ်သက်စွာအိပ်ပျော်သွားမှ လရောင်ကိုကို"ကိုအနမ်းတွေပြန်ပေးလိုက်တော့ ကိုကို"ကိုကလဲပြန်ရုန်းကန်းရင်းတွန်းထုတ်လာပြန်သည်။

" ကိုကိုငြိမ်ငြိမ်နေနော် အတင်းရုန်းနေရင် သားလေးနိုးသွားလိမ့်မယ် "

လွှတ်ပေးဖို့ ဘယ်လိုမှလမ်းမမြင်တဲ့ လရောင်ကြောင့် ကြယ်စင်မင်းဘက်ကဆက်ရုန်းနေလဲနံဘေးနားမှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သားလေးနိုးလာမှကိုတွေးစိုးရိမ်မိပြန်သည်။

[ မနေ့ကထက်ပိုချစ်တယ် ] Completed [ 2 ]Waar verhalen tot leven komen. Ontdek het nu