[မနေ့ကထက်ပိုချစ်တယ်]
အချိန်တွေတောင်ကုန်လွန်ခဲ့ပြီ ဝေးကွာခဲ့တဲ့ခုနှစ်နှစ်ဆိုတဲ့အချိန်အတွင်း ယခုလိုမကိုဆေးရုံတစ်ခုတည်းမှာလုပ်ဖော်ကိုင်ဘက်အဖြစ်ပြန်တွေ့လိုက်ရတော့ တိမ်စိုင်ရင်ထဲမှာလွန်ခဲ့တဲ့အတိတ်ကမနဲ့သူ့ရဲ့အကြောင်းတွေကိုပြန်မြင်ယောင်လာမိသည်။
<<<>>>
လွန်ခဲ့တဲ့ခုနှစ်နှစ် သောကြာနေ့ညနေပိုင်း။
တိမ်စိုင်ကျောင်းဆင်းချိန်တွင်ထုံးစံအတိုင်းအိမ်ပြန်ရန်ကျောင်းထဲကထွက်လာစဉ်။
" ဟေ့ တိမ်စိုင်လေး "
အနောက်ကခေါ်လိုက်သံကြောင့် တိမ်စိုင်လှည့်ကြည့်လိုက်တော့ မ ကသူဆီပြုံးပြရင်းလျှောက်လာသည်။
" မ "
" မနက်ဖြန်စနေ့ကျောင်းပိတ်ရက် တိမ်စိုင်မနက်ပိုင်းလောက်အားရင်မနဲ့ဘုရားကိုအဖော်လိုက်ခဲ့ပေးပါလား "
" ဗျာ "
မကနေစ၍ သူနဲ့ဘုရားအတူသွားဖို့ပြောလာကြောင့် တိမ်စိုင်အံ့ဩသွားမိသည်။
တိမ်စိုင်ရဲ့ဆွံ့အနေတဲ့ပုံလေးကိုကြည့်၍ အရိပ်ရယ်လိုက်ပြီးနောက်။
" မနက်ဖြန်စနေနေ့ကို မဘုရားသွားချင်လို့ပါ အဲဒါတိမ်စိုင်မအားလဲရပါတယ် "
" ကျွန်တော်အားတယ် မ "
တိမ်စိုင် မအပြောကိုလက်ခံလိုက်သည်။
နောက်တစ်နေ့မနက် ဦးမာန်ကိုသူငယ်ချင်းတွေနဲ့ဘုရားသွားကြမလိုပြောကာလိမ်ထားခဲ့လိုက်သည်။
ထို့နေ့ကမနဲ့တိမ်စိုင် နောက်ဆုံးတွေ့ဆုံရက်ဖြစ်လာခဲ့သည်။
တိမ်စိုင်နဲ့မရွှေတိဂုံဘုရားမှာပန်းများကပ်လှူပူဇော်ပြီးနောက် မဘက်ကစကားစလာသည်။
" တိမ်စိုင် မ မင်းနဲ့စကားအေးဆေးပြောစရာရှိလို့ မတို့ပြည်သူရင်ပြင်ထဲလမ်းသွားလျှောက်ကြမလား "
"ဟုတ်ကဲ့ မသဘော "
တိမ်စိုင် မနဲ့အတူဘုရားပေါ်ကနေတဖက်ခြမ်းက ပြည်သူရင်ပြင်ထဲလမ်းလျှောက်လာခဲ့လိုက်သည်။