အပိုင်း - ( 27 ) {1} Unicode

Começar do início
                                    

      ပါမောက္ခဝေ့ ခေါင်းညိတ်လိုက်သည်။

     ချန်ချန်းသိုက ဓာတ်ခွဲခန်း၏ အစွန်ဘက်ကို လျှောက်သွားတော့ ပါမောက္ခဝေ့က အလျင်မလိုသည့်ပုံဖြင့် လိုက်လာ၏။ " တစ်ခုခုမှားနေလို့လား ? "

      ချန်ချန်းသိုက ပစ္စည်းပုံကြားထဲရောက်နေသည့် ရှုရှောင်ဟွေးကို လှမ်းကြည့်လိုက်သည်။ဟမ်းစတားလေးက သေနတ်ဒင်တစ်ခုပေါ်ကနေ သူ့ဖင်တုံးလေးနဲ့ လျှောဆင်းသွားပြီး ပြောင်းဆန်အိတ်လေးတစ်အိတ်ပေါ်မှာ ချာလပတ်လည်နေ၏။သူ့လက်ဖဝါးလေးတွေက ခဏလောက် မနည်းရုန်းကန်နေရပြီးနောက် ခက်ခက်ခဲခဲ ထရပ်လိုက်ကာ ကြမ်းပြင်ပေါ်က ပြောင်းဆန်အိတ်တွေနှင့် သေနတ်တွေကို ဆက်ကောက်နေတော့သည်။
( Ocean - အကောင်ပေါက်က ဝတယ်ပြောတော့လည်းမကြိုက် ၊ သူကဖြင့် လုံးနေတာများ ထတောင်မထနိုင်တော့ဘူး )

    ချန်ချန်းသို အကြည့်လွှဲလိုက်ကာ ပါမောက္ခဝေ့ကိုကြည့်ပြီး သူ့စိတ်ထဲ ရှိနေခဲ့သော မေးခွန်းတစ်ခုကို မေးလိုက်သည်။ " ပါမောက္ခဝေ့ ၊ ရှေးဟောင်းပစ္စည်းတွေက တိရိစ္ဆာန်တွေကို လူအဖြစ်ပြောင်းတာတို့ လူတွေကို တိရိစ္ဆာန်အဖြစ်ပြောင်းတာတို့ လုပ်နိုင်လား ? "

      ပါမောက္ခဝေ့ပုံစံက ဟာသတစ်ခုကို ကြားလိုက်ရသလိုပင်။သူ့မျက်လုံးတွေက စိတ်ဝင်စားမှုနှင့် လင်းလက်သွားပြီးပြောလာ၏။ " ကြည့်စမ်းပါဦး ၊ မင်းရဲ့ ဟမ်းစတားလေးအပေါ် နူးညံ့ညင်သာပြီး ချစ်နေလိုက်တာများ ၊ တခြားသူတွေ သူတို့ အိမ်မွေးစစ်သည်တော်တွေအပေါ် ဆက်ဆံတဲ့ပုံစံနဲ့ ကွာလိုက်ပုံများ အသိသာကြီးနော် ၊ မင်းအကောင်ပေါက်လေးကို ချစ်လွန်းလို့ လူအဖြစ်တောင် ပြောင်းစေချင်နေတာလား ? "

     ချန်ချန်းသို သူ့ကို မျက်လုံးများ မှေးကျဥ်းပြီးကြည့်လိုက်သည်။

      ပါမောက္ခဝေ့ နှုတ်ခမ်းတွန့်သွား၏။ " မင်းတကယ်ကြီး ပြောနေတာလား ? "

     ချန်ချန်းသို ခေါင်းညိတ်လိုက်သည်။ " ရှောင်ဟွေးက လူပုံစံနဲ့ သုံးခါ ပေါ်လာဖူးပြီးသွားပြီ ၊ လူဖြစ်သွားတဲ့ အချိန်အတိုင်းအတာက အရမ်း တိုလွန်းပေမယ့် တစ်ကြိမ်ထက်တစ်ကြိမ် ကြာချိန်က ပိုပိုရှည်လာတယ်။ပြီးတော့ သူက မြေကြီးထဲကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ ညဘက်မှပဲ လူဖြစ်တာ "

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Onde histórias criam vida. Descubra agora