TOL
ကိုကိုဘာလို့ဧည့်ခန်းကြီးမှာထိုင်နေရတာလဲ
ကျွန်တော့်အခန်းထဲဝင်ထိုင်တာမဟုတ်ဘူး ဘာလဲ ကျွန်တော်ကိုက်စားမှာကြောက်လို့လားမဟုတ်ပါဘူးထယ်လေးရယ် ကိုကိုကဧည့်ခန်းကပန်းချီလေးတွေစိတ်.........
ဆက်ပြောလေကိုကို ပန်းချီလေးတွေကိုဘာဖြစ်လဲ
အပေါ်ပိုင်းဗလာကျင်းနဲ့အောက်ကတပါတ်အဖြူလေးပဲပတ်ထားပြီး စုတ်တိစုတ်ဖွားဆံပင်လိမ်လိမ်လေးတွေမှာတွဲလွဲခိုနေတဲ့ ရေစက်လေးတွေ
အိုးးးးပနံသင့်လိုက်ပုံများ အကြည့်လွှဲပစ်ချင်စရာမရှိကြည့်ကောင်းကောင်းနဲ့ကြည့်နေတာ ပြောဖို့စကားတောင်မေ့နေတာ ထယ်လေးခေါ်မှစိတ်နဲ့ကိုယ်နဲ့ကပ်တော့ တစ်ယောက်တည်းပူထူပြီးပေါက်ထွက်တော့မလိုခံစားလိုက်ရတယ်
ကျွန်တော်အဲ့လောက်တောင်ကြည့်ကောင်းတာလား
ကြည့်မကောင်းပါဘူး
အဲ့တာဆိုဘာလို့ပြောဖို့စကားတောင်ဆက်မပြောဘဲ ကျွန်တော့်ကိုမျက်တောင်မခတ်ကြည့်နေရတာတုန်း
မကြည့်ပါဘူး ရုတ်တရပ်မို့ကြောင်သွားတာပါ ပန်းချီတွေကစိတ်ဝင်စားဖို့ကောင်းလို့ လိုက်ကြည့်နေတာလို့ပြောမလို့ပါ
အမယ်...ဗြောင်လိမ်တာကြည့်
ကိုယ့်ထက်အကြီးကိုအဲ့လိုပြောစရာလား ငရဲကြီးလိမ့်မယ်
ကောင်းတာပေါ့ ငရဲကြီးတော့ငရဲလေးကိုနိုင်တာပေါ့ဟဟားး
ဒီကလေး လူကြီးကိုလာပြောင်နေတယ် အအေးပတ်လိမ့်မယ် အဝတ်အစားအမြန်သွားဝတ်ချည် shoppingထွက်ရအုံးမယ်မလား
ဒီသရဲကဘိုလိုတောင်မှုတ်လို့ပါလား
ရားးးးးကင်မ်ထယ်ယောင်းလို့ကိုယ်ကစိတ်ဆိုးသလိုလေးအော်လိုက်တော့ စပ်ဖြဲဖြဲနဲ့ကောင်လေးက
စတာပါကိုကိုကလည်း စိတ်ချည်းပဲ ငါးမိနစ်နဲ့ပြီးစေရမယ်ဆိုပြီး အခန်းထဲသို့အမြန်ပြေးဝင်သွားလေရဲ့ဒီကလေးချစ်ဖို့ကောင်းလိုက်တာ အိုးးးငါဘာတွေတွေးနေတာလဲ
ချစ်ဖို့ကောင်းတယ်ဆိုတာကကိုယ့်ညီလေးတစ်ယောက်လိုချစ်ဖို့ကောင်းတယ်ဆိုတာကိုပြောချင်တာ ဟုတ်တယ် ဟုတ်တယ် ညီလေးလိုချစ်တာဆိုပြီး တစ်ယောက်တည်းအတွေးထဲရောက်ယပ်ခတ်နေတုန်း