TOL.1

112 22 33
                                    

                                TOL

ကျွန်တော်တို့သားအဖနှစ်ယောက် ကားလေးနဲ့ထွက်ခဲ့ကြတယ်

ထယ်တစ်ယောက် သုဿာန်ဝင်းထဲရောက်တဲ့အချိန်အံ့ဩလွန်းလို့ မျက်လုံးလေးပြူးပြူးနဲ့ လိုက်ကြည့်နေခဲ့တယ်

ဝါးးးအပါးရေ မိုက်တယ်နော် သူငယ်ချင်းတွေကပြောကြတယ် သင်္ချိုင်းကကြောက်စရာကြီးတဲ့
ဘာမှလည်းကြောက်စရာမကောင်းဘူး
နေချင်စရာလေးနော်

သားရယ် ဘာတွေပြောနေတာတုန်း မပြောကောင်းမဆိုကောင်းတွေ

ထယ်ပြောလည်းပြောချင်စရာပဲလေ အုတ်ဂူတိုင်းမှာပန်းပေါင်းစုံ၊စားစရာအပြည့်နဲ့ လှ"ပ"လုပ်ထားကြတော့ အဲ့လိုမပြောပဲနေနိုင်ရိုးလား

ကဲ ဘိုးဘွားတွေရဲ့နေရာရောက်ပြီ အပါးသန့်ရှင်း‌ရေး လုပ်လိုက်အုံးမယ် ခုံလေးမှာထိုင်နေနော်

ဟုတ် အပါး

ဒါနဲ့လေ သားမေးစရာရှိလို့

အင်း မေးလေ

ဘိုးဘွားတွေအုတ်ဂူဘေးက တစ်ခုကျတော့ဘာလို့ ဘာမှမရှိတာလဲဟင် ဘိုးဘွားတွေလိုလည်း လှမနေဘူးနော်

ဪ...အဲ့တာက သူ့ဆွေမျိုးတွေ သူ့ကိုလာမကြည့်ကြလို့နေမှာပေါ့ ဒါမှမဟုတ်လည်း သူ့မှာဆွေမျိုးတွေမရှိတာမျိုးလည်းနေမှာပေါ့

အဲ့လိုဆို သနားစရာလေးပေါ့နော် သူ့ကိုမုန့်ကျွေးမဲ့သူမရှိတော့ ဘာမှမစားရသေးဘူးထင်တယ် သားသွားကျွေးလိုက်အုံးမယ်နော် အပါး

ကိုကို...ကိုကို.ကိုကိုရေလို့ခေါ်တယ်လေ

ဟမ်း ကောင်လေးမင်းငါ့ကိုမြင်ရလို့လား

မြင်ရလို့ခေါ်နေတာပေါ့ ကိုကိုကလည်း ဦးနှောက်မကောင်းဘူးလား ကျွန်တော့်မျက်လုံးနှစ်ဖက်လုံးအကောင်းကြီး မြင်ရတယ်

ထူးဆန်းလိုက်တာ မင်းကငါ့ကိုဘာလို့မြင်ရနေတာလဲ
မင်းမှာ မြင်နိုင်တဲ့ အစွမ်းတွေများရှိနေလို့လား

ဟားးး ကိုကိုကလည်း မျက်လုံးပါမှတော့မြင်ရမှာပေါ့

မင်းကလည်း စွာလိုက်တာ ငါပြောပြမယ်နားထောင် ကြောက်မသွားနဲ့နော်

ဟုတ်ကဲ့ ကျွန်တော်မကြောက်တတ်ဘူး ပြော ဘာပြောမှာလဲ

အမှန်တော့ ငါက မင်းတို့လို လူမဟုတ်ဘူး ဝိဉာဉ်

ဆက်ပြောလေကိုကို

ဘာဆက်ပြောရမှာလဲ အဲ့တာပဲလေကွာ ငါကဝိဉာဉ်ဆိုတော့ မင်းကြောက်သွားမယ်ထင်နေတာ

ဟ ဟားးဟားး ကိုကိုရယ်ကြောက်စရာလား ရုပ်ရှင်ကားထဲလို ရုပ်ဆိုးဆိုးသရဲဆိုရင်တော့ ကြောက်မှာပေါ့ ဒါမဲ့ ကိုကိုကချောတယ်လေ မကြောက်ပါဘူး

ငါက ဝိဉာဉ်ဖြစ်နေတာတောင် မင်းကမြင်ရတာထူးဆန်းတယ်မလား

ဟုတ်သားပဲနော်ကိုကို ကျွန်တော်လည်းခုမှစဉ်းစားမိတော့တယ်
ဒါဆို ဟိုဘာမုန့်မှမရှိတဲ့နေရာက ကိုကို့နေရာလား

ဟုတ်တယ် အဲ့တာငါ့နေရာ

ကိုကို့အမျိုးတွေကမလာဘူးလား ဘာလို့မလာကြတာလဲဟင်

ငါလည်းမသိပါဘူး ငါဒီနေရာကိုရောက်ပြီးကတည်းက တစ်ခါပဲလာတွေ့ပြီး နောက်ပိုင်းတွေ လုံးဝ မလာကြတော့ဘူး

ဒါကြောင့်ကိုကိုဝမ်းနည်းတဲ့မျက်နှာဖြစ်နေတာကိုး
ကျွန်တော်က ကိုကိုဘာလို့ မျက်နှာမကောင်းတာလဲဆိုတာသိချင်လို့ မေးဖို့ခေါ်လိုက်တာ
ကိုကို့နာမည် ဘယ်လိုခေါ်လဲ ကျွန်တော်က ထယ်ယောင်း ကင်မ်ထယ်ယောင်း
အသက်က၈နှစ်

ငါ့နာမည်က ဟိုဆော့ အင်းးဟိုဆော့ပဲ မှတ်မိတယ် မျိုးရိုးနာမည်မမှတ်မိတော့ဘူး
အသက်က၂၂နှစ်

ကိုကိုကလည်း ငါလို့မပြောပါနဲ့ သူစိမ်းဆန်လိုက်တာ
အကိုလို့လည်းမပြောနဲ့နော် မကြိုက်ဘူး ကိုကိုလို့ပဲပြော

ဪ ဟုတ်ကဲ့ပါခင်ဗျ

ကျွန်တော့်ကိုလည်း မင်းလို့မခေါ်နဲ့ ထယ်လေးလို့ခေါ်

ဟုတ်ပါပီ ထယ်လေးရယ်

ရော့ ဒီမှာချောကလက်သကြားလုံး ကိုကို့ကိုဘယ်သူမှမကျွေးလို့ ကျွန်တော်ကျွေးတာ
အပါးခေါ်နေပြီ ပြန်ရတော့မယ် တာ့တာနော်
နောက်ကျရင်လည်း ကျွန်တော် ကိုကို့ကိုလာတွေ့မယ်
စောင့်နေနော်

ကိုကိုစောင့်နေမယ် ဆက်ဆက်လာရမယ်နော် ချောကလက်က ကိုကိုနေရာမှာသွားချထားလိုက် ကိုကို ကိုင်လို့မရလို့

ဟုတ်ကဲ့ ကိုကို

Coverမှာကတည်းက spoilပါပါတယ်နော်
ဆော့ကီက ‌အရောင်လေးဖျော့ပြီး ပုံရိပ်‌‌ေယာင်ပုံစံလေးဖြစ်အောင်editထားတာသတိထားမိကြလား🤭

Theory Of LoveWhere stories live. Discover now