၁၀၃။ ခင်ဗျားတို့ ဖုန်းအိမ်တော်ကလူတွေ တကယ်ကံကောင်းတယ်

Start from the beginning
                                    

" ဘာလို့လဲဆိုတော့ ငါတို့စားတာက အဆိပ်ဖြစ်လောက်တဲ့အထိ မဟုတ်သေးလို့ နေမှာပေါ့ ။ " ဖုန်းဖန်းသိုက်က ၀င်ပြောလေသည်။ " အမေနဲ့ မမကြီးရဲ့ ခန္ဓာကိုယ်က အားနည်းတော့ သူတို့က အရင်လက္ခဏာပြနေကြတာ နေမှာပေါ့ ။ ညကြရင် ငါတို့အကုန်လုံးလည်း ... "

" စတုတ္ထညီမပြောတာ တကယ် အဓိပ္ပာယ်ရှိတာပဲနော် " ဖုန်းယွိဟန် နှုတ်ခမ်းတစ်ဖက်ပင့်၍ ပြုံးပြလိုက်သည်။ " ဖုန်းမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ စတုတ္ထညီမတို့အားလုံးကို အဆိပ်ခတ်လိုက်ရင် ငါ့အတွက် ဘာကောင်းကျိုးတွေ ရလာမှာမို့လဲ ။ ၀န်ကြီးချုပ်အဖေ တစ်ယောက်ကို မလိုချင်လို့ ငါက မိဘမဲ့တစ်ယောက်အနေနဲ့က ပိုကောင်းတယ်လို့များ ထင်နေလို့လား မသိဘူးနော် "

ထိုအခါမှ ဖုန်းယွိဟန်၏စကားများက အကျိုးအကြောင်းသင့်သားပဲဟု ဖုန်းကျင်းယွမ် သဘောပေါက်သွားလေသည်။ အန်းရှီကလည်း ၀င်ပြောတော့သည်။ " သခင်ကြီး ဒုတိယသခင်မလေးရဲ့ စားတော်ချက်ကိုခေါ်ပြီး မေးမြန်းကြည့်ကြည့်ပါလား "

" ဟုတ်သားပဲ ! " သခင်မကြီးက လက်ခံသည်။ " ဒီနေ့အတွက် အစားအသောက်ပြင်ဆင်တဲ့သူတွေကို မြန်မြန်သွားခေါ်ခဲ့ကြစမ်း "

အစေခံများက နာခံစွာထွက်သွားကြကာ ပြန်လာသောအခါတွင် လူစိမ်းဆယ့်နှစ်ယောက် အတူပါလာလေသည်။

ထိုလူများကိုကြည့်ကာ ဖုန်းကျင်းယွမ် ရင်ထဲ၌ ကြောက်ရွံ့ခြင်းများ တိုးထွက်လာသလို ခံစားလိုက်ရကာ အကြောင်းအရင်းကိုလည်း ရေရေရာရာ မပြောနိုင်ပေ ။ ဖုန်းကျင်းယွမ် အိမ်တော်မှ စားဖိုဆောင်တာ၀န်ကျ အစေခံကို မေးလိုက်သည်။ " သေချာကြည့်စမ်း ဒီလူတွေက ဒီနေ့ပြင်ဆင်ပေးတဲ့သူတွေ ဟုတ်ရဲ့လား "

စားဖိုဆောင်တာ၀န်ကျသူသည် သေချာကြည့်နေပြီး အတော်ကြာမှ သေချာသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကာ ပြန်ဖြေလေသည်။ " သခင်ကြီးကို ပြန်ဖြေပါတယ် ၊ အမှားမရှိ သူတို့ပါပဲ ။ "

ဖုန်းကျင်းယွမ် ထိုလူအား ထွက်သွားခွင့်ပြုလိုက်တော့သည်။ ကျန်ခဲ့သော စားတော်ချက်ဆယ့်နှစ်ယောက်ကို ကြည့်ရင်းဖြင့် ဖုန်းကျင်းယွမ်၏ ညာဘက်မျက်ခွံသည် ထိန်းမရအောင် လှုပ်လာတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now