အဲ့ဒီနေ့ပြီးကတည်းက သူမ ကျွန်မကိုစိတ်ကောက်သွားတာ ကျွန်မ ဖြင့်သုံးရက်တိတိချော့လိုက်ရတယ်
.
.
.
.
.*****
.
.
.
"Liliနင် niniနဲ့ရန်ဖြစ်ထားပြန်ပြီလား"ကျောင်းကိုရောက် ရောက်ချင်းမဆီမဆိုင်ရန်တွေ့ခံလိုက်ရတာမို့ ကြောင်အနေမိသည်
"ဟင် နင်ဘာတွေပြောနေတာလည်း"
"ဘာပြောရမှာလည်း ဟိုမှာလေ niniကျောင်းကိုရောက်ကတည်းကငိုနေတာ ငါတို့ဘာမေးမေးမဖြေဘူး အဲ့တာနင်နဲ့များရန်ဖြစ်လာတာလားလို့"
"ဟင် ငါတို့ရန်မဖြစ်ပါဘူး သူငိုနေတာလား"
"အင်းဟုတ်တယ် ရန်မဖြစ်ရင် ဘာလို့တကွဲတမျှစီလာကြတာလား"
ချယ်ကနားမလည်သလိုမေးလာသည်
"ငါလည်းအဲ့တာကိုဘဲစဉ်းစားနေတာ ကျောင်းသွားဖို့ သူ့ကိုသွားခေါ်တော့ အစောကြီးထွက်သွားတယ်တဲ့ ဘာဖြစ်နေလည်းမသိဘူး"
"ဟုတ်လား ဒါဆိုနင်သွားချော့လိုက်အုံး ငါတို့ချော့တာဘယ်လိုမှမရလို့ ဘာဖြစ်မှန်းလည်းမသိဘူး niniနဲ့တော့ခက်တယ်"
သူမ ငိုနေတယ်ဆိုလို့ ကျွန်မမှာစိုးရိမ်ရေမှတ်ကျော်သွားကာ အတန်းထဲသို့အမောတကောပြေးသွားရသည်
တွေ့ပါပြီ စာရေးစားပွဲပေါ်ခေါင်းမှောက်ကာ တရှုံ့ရှုံ့ငိုနေသည့်သူမ ကို
ဘေးမှာတော့ Sooကသူမရဲ့ဆံနွယ်လေးတွေကိုပွတ်သပ်ပေးရင်းချော့မြူနေရှာသည်
သူမ အနားကိုအမြန်သွားလိုက်ပြီးကျောပိုးအိတ်ကိုစာရေးခုံပေါ်ပစ်တင်ရင်း သူမရဲ့နဘေးနားဝင်ထိုင်လိုက်သည်
Sooကချော့လိုက်အုံးဆိုတဲ့အထာနဲ့မျက်စပစ်ပြနေတာမို့ ခေါင်းငြိမ့်ပြလိုက်သည်
"Ni ဘာဖြစ်လို့လည်း ငါ့ကိုပြောလေ"
စာရေးခုံပေါ်က သူမ ရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေးမေးလိုက်သည်
သူမ မဖြေချင်ကြောင်းခေါင်းေလးရမ်းကာပြနေသည်မို့ တကယ်ဘဲစိတ်ပူလာရသည်
"နင်ဘာဖြစ်နေလည်းဆိုတာသိမှ ငါကကူညီပေးလို့ရမှာပေါ့ ဒီအတိုင်းကြီးငိုနေလို့ဘယ်ဖြစ်ပါ့မလည်း ခေါင်းတွေကိုက်လိမ့်မယ် မငိုနဲ့တော့နော် နင်ဘာဖြစ်ချင်လည်းပြော ငါအကုန်လုပ်ပေးမယ်လေနော်"
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...
Memory👉28👈
Start from the beginning