Intro & Character Description

Beginne am Anfang
                                        

မောင်းနှင်ခဲ့သောခရီးသည် ကြားဘူတာတွင်မရပ်။

ဤခရီးအစဟာ ကျွန်တော့်ဘဝအတွက်ပျော်ရွှင်ခြင်းတွေဆောင်ယူလာခဲ့သည်ဆိုသော် အနာဂတ်ကိုလျော့ရဲမနေစေဖို့ကျွန်တော်planစဆွဲရမည်။

ကျွန်တော်ရေးခြယ်လိုက်သော future planမှာလူတစ်ဦးတည်းသာရည်ရွယ်မည်ဆိုလျှင် ထိုလူအတွက်ဇာတ်ရံများစွာ ကျွန်တော်ထည့်သွင်းရမည်။

ကန့်သတ်ချက်အပြင်ဘက်လွတ်ထွက်ခဲ့သည်ဖြစ်စေ၊ ဘောင်အတွင်းဝယ်ဖြစ်စေ... ကျွန်တော်ဆွဲသားသောကိုယ်ပိုင်စည်းမျဉ်းသည်သာ ကျွန်တော့်အချစ်အတွက် ဥပဒေဖြစ်မည်။

အချိန်တွေဟာ သွားနေသည်။ဟုတ်သည် အချစ်တွေကလဲနောက်ကလိုက်နေမည်။အဆုံးသတ်နားမရောက်ရှိခင်တစ်ချိန်မှာ ထပ်တူကျနိူင်ကောင်းပါရဲ့။

ကျွန်တော်ပိုင်ဆိုင်ချင်သောအရာ ကျွန်တော်လိုချင်မိသောအရာ ... ။

ခင်များတို့ မယုံကြည်နိုင်လောက်ပေမဲ့...ဟုတ်တယ်...
ကျွန်တော် (၇)နှစ်သားအရွယ်ကတည်းက ချစ်တတ်ခဲ့တယ်။ ဒါပေမဲ့ (၁၇)အရွယ်မှာ မပိုင်ဆိုင်လို့မဖြစ်တော့ဘူးဆိုတာပိုသိခဲ့တယ်...။

ကြယ်တွေကိုခြွေမယ်၊ မိုးကောင်းကင်ကို အပိုင်သိမ်းမယ်၊ ကမ္ဘာမြေပေါ်မှာနောက်ဆုံးလက်ကျန်နေ့ရင်အထိ နေမယ်... မမနဲ့...။

ကျွန်တော့်မမနာမည်သိကြလား...' အလင်္ကာသျှင်း'တဲ့...။

ကျွန်တော့ရဲ့ ငယ်ဘဝက ' နေရောင်ခြည်' လေး...။

တတိယတန်း စတက်တော့ ဘေးဘက်ခြံကို စာအုပ်တွေယူပြီးသွားခဲ့တယ်။

မမကိုတွေ့တော့ ကျွန်တော့် ပါးချိုင့်လေးတွေပေါ်တဲ့အထိပြုံးပြီးနှုတ်ဆက်လိုက်တယ်။

" မင်္ဂလာပါ မမ... ကျွန်တော့်နာမည် ' ဇက် '...။

>>>>>>>

Name - မဟူရာဇက် [ Mahuyar Z ]

Young Name - မဟူရာရောင်

Age - 23

High - 6'2"

Profession - CEO [ " Z " insurance & Finance Co,Ltd ] & Other...

Zodiac Sign - Aries

Birthday Date - April 7

Hobbies - Swimming, Basket Ball, Piano, Boxer, Biker

>>>>>>>

Before AND After Wo Geschichten leben. Entdecke jetzt