Intro & Character Description

7.9K 129 6
                                        

Unicode

လူသားတွေအားလုံးဟာ ဘဝကိုဘယ်အချိန်မှာစတင်ရပါမယ်ဆိုပြီး တသမတ်တည်းမရှိကြဘူး။ အများစုကမွေးကတည်းကဘဝစတယ်လို့ယူဆကြတယ်... ။ တစ်ချိူ့ကပျော်ရွှင်မှုနဲ့တွေ့မှ ဘဝစတယ်လို့ထင်တယ် ...။ တစ်ချိူ့ကနာကျင်မှုတွေစတင်ခံစားရခါမှ သူ့ဘဝစတင်ပြီလို့တွေးတယ်... ။ တစ်ချိူ့တဝက်ကလက်တွဲဖော်တွေ့ပြီးခရီးကိုတူတူလျှောက်လှမ်းကြမှ ဘဝစလာပြီလို့သတ်မှတ်တယ် ...။

ဘဝစလာပြီဆိုတာနဲ့ပန်းတိုင်တွေရှိလာတယ်။ မောပန်းမှုတွေရှိလာတယ်။ စိတ်ဓာတ်ကျတာတွေ ကြုံလာရမယ်။ အနိမ့်အမြင့် အတက်အကျအားလုံး ရင်ဆိုင်ကြရတော့မယ်။

ကိုယ့်ဘဝ စတင်လိုက်ပြီဆိုတာနဲ့ အရာအာလုံးက ကိုယ့်အပေါ်မူတည်သွားပြီ။ အတွေးတွေကိုထိန်းချူပ်ရမယ် ။ အတွေးကကိုယ့်ကိုထိန်းချူပ်တာမျိူးနာခံလို့မဖြစ်တော့ဘူးတဲ့။ လူအများစုက ကိုယ်ချစ်တဲ့သူတွေနဲ့ပဲ ဘဝစတင်ချင်သလို ကိုယ့်ကိုချစ်တဲ့သူတွေကိုပဲ အနားမှာရှိစေချင်ကြတယ်။

နာကျင်မှု အထီးကျန်မှုတွေကိုမုန်းကြတာလူတိုင်းပါပဲ.... ။ ချစ်တဲ့သူတွေနဲ့အတူ ပင်ပန်းမှုတွေဖြေဖျောက်မယ်။ အပူပင်တွေမျှဝေမယ်။ ပျော်ရွှင်မှုတွေခံစားမယ် ဒီအချက်တွေကို လူတိုင်းကလဲနားလည်မှုရှိရှိအပြန်အလှန်ထွေးပွေ့ကြမယ်ဆိုရင် ပြည့်စုံမှုအပြည့်အဝရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာမလွဲဧကန်ပါပဲ...။

မင်းတို့ရော ဘယ်အချိန်က ဘဝစတင်ခဲ့တာလဲ....???

ချိူချဉ်လေးတစ်လုံး အလကားရလိုက်တဲ့အချိန်လား။ အပြုံးလေးတစ်ပွင့် မြင်လိုက်ရတဲ့အချိန်လား။ မိုးရွာရွာမှာ ထီးတစ်လက်လာမိုးပေးတဲ့သူလား။  တစ်စုံတစ်ယောက် အနားကဖြတ်လျှောက်သွားတဲ့အချိန်လား။

ဘာပဲဖြစ်ဖြစ် အကြောင်းပြချက်တစ်ခုခုတော့ ရှိခဲ့ကြမယ်ထင်တယ်...။

ဒါနဲ့...မိတ်ဆက်ရဦးမယ်...

ကျွန်တော့်နာမည်က မဟူရာရောင်။ မိသားစုဆိုလို့  မေမေတစ်ယောက်ပဲရှိတယ်။ ကျွန်တော့်အသက် (၇) နှစ်မှာ ရန်ကုန်ကနေ မန္တလေးကိုပြောင်းလာတယ်။ အကြောင်းပြချက်က ကျွန်တော်တို့အတန်းက သူငယ်ချင်းတစ်ယောက်ကို လက်ကျိူးအောင်လုပ်လိုက်လို့။

Before AND After Où les histoires vivent. Découvrez maintenant