Intro & Character Description

Start from the beginning
                                        

အဲ့မမက ကျွန်တော်ပြန်ထဖို့ လက်ကမ်းပေးတယ်။ မနက်ခင်းမို့ ရွှေဝါရောင်လင်းဖြာတဲ့နေရောင်ခြည်အောက်မှာ ပြုံးပြနေတဲ့မျက်နှာလေးက နတ်ပြည်ကဆင်းလာတဲ့ နတ်သမီးတစ်ပါးလိုပဲ။ ပိတောက်ခြောက်ရောင် ခါးစည်းဂါဝန်ဝဲဝဲလေးနဲ့ ခါးထိရှည်တဲ့ဆံပင်တွေကို နောက်မှာဒီတိုင်းဖြန့်ချလို့။

" မင်းတို့ပြောင်းလာတာ ကြာပြီမလား ၊ ကိုယ်နဲ့ကျောင်းတူတာကို ဘာလို့စာလာမသင်ခိုင်းတာလဲ၊ စာတွေရောလိုက်နိုင်ရဲ့လား "

နောက်ဆုံးတော့ အဲ့မမလက်ကိုမကိုင်ခဲ့ပါဘူး။ မလိုဘူးဗျဆိုပြီး တစ်ချက်ရိုက်လိုက်ပြီးထပြေးခဲ့တာ။ မပြေးလို့လည်းမရတော့ဘူး။ ကျွန်တော့ဘောင်းဘီက ဂွပြဲသွားတာလေ။ ဘယ်လောက်တောင်ရှက်စရာကောင်းလဲ။ ရှက်လွန်းလို့  မျက်နှာတွေပူထူပြီး နှလုံးတွေဆက်တိုက်ခုန်နေခဲ့တာ။

နောက်မှပြန်သိရတာက အဲ့မမစကားပြောရင် သူ့ကိုသူ ကိုယ်လို့အမြဲသုံးတယ်။ အဌအတန်း အခန်း(A)ကအဆင့်တစ်ကို အဲ့မမကအပိုင်ယူထားတာ။ ကျွန်တော်လည်း တစ်ရပါတယ်။ နောက်ဆုံးကရေတဲ့အချိန်။

တကယ်တော့ မူလတန်းကျောင်းဆောင်နဲ့  အလယ်တန်းကျောင်းဆောင်က သီးခြားစီလို့ပြောရမယ်။ တစ်ခုကောင်းတာက ကျောင်းအုပ်ကြီးရုံးခန်းက အလယ်တန်း အဌမတန်းနဲ့ကပ်လျက်တင်ပဲ။ ကျွန်တော်က စာညံ့တာရယ် ခဏခဏရန်ဖြစ်တာရယ်ကြောင့် တစ်ပတ်(၅)ရက်ဆို(၆)ကြိမ်လောက်က ရုံးခန်းထဲခေါ်ခံရတယ်။

တမင်တကာမဟုတ်ပေမဲ့ အပေါ်ထပ်ကနေ အလယ်လှေကားကဆင်းတိုင်း အဲ့မမကိုမြင်ရတယ်။ အဲ့မမကအတန်းရဲ့ဝင်ပေါက်ဘေး ထိပ်ဆုံးမှာထိုင်တယ်။ ကျွန်တော် စူပုပ်ပုပ်နဲ့ဖြတ်သွားတိုင်း အဲ့မမကအမြဲပြုံးပြတယ်။ လူတွေများနော် သူများတကာရုံးခန်းခေါ်ခံရတာကို ပျော်ရွှင်နေကြတာ။

တစ်ရက် ... ကျွန်တော်ရုံးခန်းကပြန်တော့ အတန်းကမုန့်စားဆင်းချိန်နဲ့တိုးနေတာမို့ လူမရှိဘူး။ တစ်ယောက်နှစ်ယောက်ကလည်း သူတို့ဘာသာ စကားပြောနေတော့ ကျွန်တော်ဖြတ်သွားတဲ့အခါ လှောင်ရယ်ပြုံးပြမဲ့သူမရှိတော့ တစ်ခုခုလိုနေသလိုပဲ။ အဲ့တာနဲ့ အတန်းထဲရှေ့ပေါက်ကနေဝင်ပြီး အဲ့မမနေရာကို သွားကြည့်လိုက်တယ်။

Before AND After Where stories live. Discover now