Intro & Character Description

Start from the beginning
                                        

ရှင်းရှင်းပြောရရင်ကျောင်းထုတ်ခံရတာ။ ဘာလို့အဲ့သူငယ်ချင်းလက်ကို ချိူးလိုက်လည်း မေမေကမမေးဘူး။ မေမေက အမြဲတမ်းတစ်ခွန်းပဲမှာတယ် ...

" ရန်ဖြစ်ရင်နိုင်အောင်သာချခဲ့...ကျန်တဲ့ကိစ္စမေမေရှင်းမယ်"

မေမေမှာ့လက်သုံးစကားတစ်ခုလည်းရှိသေးတယ်။

" ကျွန်မသား ရောင်ရောင်က ဘယ်တော့မှမမှားဘူး !"

ကျွန်တော်တို့ ခြံချင်းကပ်ရက်မှာ မိသားစုတစ်စုနေတယ်။ အဲ့အိမ်က အစ်ကိုကြီးက တက္ကသိုလ်တက်နေတာ။ တစ်ရက် ကျွန်တော် ခြံဘေးနားကမာလကာပင်မှာ အသီးတက်ခူးနေတုန်း သူဖုန်းပြောနေတာကြားရတယ်။

ကျွန်တော်ခိုးနားထောင်တာမဟုတ်ဘူးနော်။ သူကိုယ်တိုင်က အသံကျယ်နေတာ။ အသံကနူးနူးညံ့ညံ့နဲ့ချိူသာသလိုထင်ရပေမဲ့ အဲ့အစ်ကိုကြီးမျက်နှာကတည်တင်းနေတာပဲ။ လုံးဝမပြုံးဘူး။

အဲ့လိုအေးစက်စက်လူကြီးပါးစပ်က ခုလိုစကားလုံးတွေ ပြောတတ်တာ မျက်မြင်မဟုတ်ရင်ယုံမှာတောင်မဟုတ်ဘူး။

" ကိုယ်က မင်းနဲ့ပဲစပြီး မင်းနဲ့ပဲဆုံးချင်တာ တစ်ခြားတစ်ယောက်ဆိုတာမရှိဘူး၊ မင်းက ကိုယ့်ရဲ့ဘူတာစမှတ်ကတည်းက ပါခဲ့တဲ့သူမဟုတ်ပေမဲ့ ခရီးဆုံးဘူတာအထိ လိုက်ပါခွင့်ရှိတဲ့ တစ်ဦးတည်းသောသူပဲ"

ကျွန်တော်အစကထင်လိုက်တာ မီးရထားမှာ အလုပ်လုပ်နေတာမလို့ အလုပ်ကိစ္စပြောနေတယ်လို့လေ။ ဝတ်ကျေတန်းကျေ ချော့ချော့မော့မော့ဟန်လုပ်ပြီးပြောနေတာ အလုပ်အပ်တဲ့သူမို့ မဟုတ်ဘူးလား။
အဲ့အစ်ကိုကြီးက အင်ဂျင်နီယာကျောင်း နောက်ဆုံးနှစ်တက်နေတယ်လို့ကြားထားတာကိုး။

"အဲ့တာ ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့သူ့ရည်းလေ၊ အလကားလျှောက်ပြောနေတာ ယောကျာ်းတွေများ ယုံကိုမယုံရဘူး"

ဘယ်ကတည်းက  အနားရောက်နေမှန်းမသိတဲ့  အသံကြည်ကြည်လေးကြောင့် ကျွန်တော်လန့်သွားပြီးပြုတ်ကျပါလေရော။ အပင်က နိမ့်နိမ့်လေးမို့ဘာမှမဖြစ်ပေမဲ့ အသက်(၁၄) နှစ်အရွယ် မိန်းခလေးတစ်ယောက်ရှေ့မို့ ရှက်စရာကောင်းတယ်။ ခင်များတို့မမေ့လိုက်နဲ့ ကျွန်တော်က အသက်(၇)နှစ်ပဲရှိသေးတာမလို့ အသားအရေကနုနုလေးရှိသေးတာ။ လက်ဖဝါးထောက်ရက်ကျတာ နာတယ်ဗျ။

Before AND After Where stories live. Discover now