ကံကော်(mesua ferrea)part-5

Start from the beginning
                                    

'တီချယ် ချောင်းဆိုးနေတာကို မနက်က လဘက်ရည်တွေ သောက်နေတယ် ဟုတ်လား'

'ဟုတ်သားဘဲ သမီးရယ် တီချယ် မေ့သွားလို့'

'ဆေးသောက်ထားအုန်း'

'ဟုတ်ကဲ့ပါရှင့်'

နှစ်ယောက်သား စကားပြောတာ အတေယ်ပင်ကြာနေပြီဖြစ်သည်။ မိကျော်မှာလည်း တော်တော်နှင့်ထွက်မလာ။ စကားတွေပြောလိုက် တီချယ်ကို ခိုးခိုးကြည့်လိုက်နှင့် ရှိုင်းအလုပ်ရှုပ်နေလေသည်။ ထို့နောက် မိကျော်ထွက်လာသဖြင့်

'တီချယ် သွားတော့မယ်နော်'

'အင်း'

ရိီုင်းတို့ထွက်လာပြီးမှ တီချယ်toilet ထဲသို့ဝင်သွားလေသည်။

'တော်တော်မှ စကားပြောခဲ့ရဲ့လား'

'ကျေးဇူးတင်ပါတယ် သယ်ရင်းလေးရယ် နင့်ကျေးဇူးနဲ့ စကားတွေ အများကြီး ပြောခဲ့ရတယ်'

'ကျေးဇူးတင်ရင် မုန့်ဝယ်ကျွေး'

'ရေခဲချောင်းဝယ်ကျွေးမယ်'

'ပြီးရော'

ထိုနေ့ညတွင် ရှိုင်းလုပ်နေကြအတိုင်း Diaryစာအုပ်နှင့် Guitarကိုင်ကာ ခေါင်မိုးထပ်သို့တတ်လာပြီး ဖြစ်ခဲ့သမျှ အရာအားလုံးကို ချရေးခဲ့သည်။

တဖက်တွင်လည်း

*တနေ့လုံး လူတိုင်းက Happy Birthday ပြောနေပေမယ့် ထိုကလေးပြောသည့် 'Happy Birthday တီချယ်'ဆိုတဲ့ စာကြောင်းလေးကိုဘဲ မျက်လုံးထဲမှာ မြင်နေမိတယ်။ ထိုကလေးနဲ့ စကားပြောနေရတဲ့ အချိန်တိုင်း ပျော်နေမိတယ်။ ငါရှိုင်းထက်အိမ်ကိုများ....အို...မဟုတ်လောက်ပါဘူးလေ။*
__________

ဒီလိုနဲ့ ရှိုင်းတို့ကျောင်း ကထိန်ခင်းမယ့်နေ့ကိုရောက်လာခဲ့တယ်။ ကထိန်ခင်းမည့်နေ့တွင် ယောကျ်ားလေးများကိုသာခေါ်ထားသည်။ သို့သော် ပဠာန်းရွတ်သည့် မိန်းကလေးများအဖွဲ့ကိုလည်း ခေါ်ထားလေသည်။ ရှိုင်းတို့သူငယ်ချင်း တစ်အုပ်စုလုံး ထိုအဖွဲ့တွင်ပါကြသည်။

ထိုနေ့ရှိုင်းအပေါ်သို့တတ်လာသောအခါ လူတိုင်းက ရှိုင်းကိုစကြသည်။ အကြောင်းမှာ ပဠာန်းရွတ်သည့် သူတိုင်း ရင်ဖုံးလက်ရှည် ဝတ်ရသောကြောင့်ဖြစ်သည်။ ရှိုင်းလက်ရှည်ဝတ်သည်က ရှားသည်။ 'တစ်နှစ်မှာ တစ်ရက်ဝတ်လျှင်တောင် ကံကောင်း' ဟုဆရာမတိုင်းကပြောကြသည်။

ကံ့ကော် (mesua ferrea)Where stories live. Discover now