44 ( ပျောက်ကွယ်သွားခြင်း)

8.4K 394 38
                                    

Uni

Love Like Fire (Part 44)
( ပျောက်ကွယ်သွားခြင်း)

" အေး အဆင်ပြေအောင်သေချာကြည့်လုပ် ငါ့ဆီဘာပြဿနာမှမပါလာစေနဲ့နော်"
ကြည်သာဟန်အဖေ သူ့အတွင်းရေးမှူးနဲ့ဖုန်းပြောနေသည်။

" စိတ်ချပါ ဥက္ကဌ သူကစစ်သားဟောင်းတစ်ဦးပါ။ဒီကိစ္စပြီးတာနဲ့ သူ့ဘာသာရှောင်သွားမှာပါ"

ထိုအခါမှနည်းနည်းစိတ်အေးသွားသည့်ဟန်နှင့်
" ပြီးရော အဲ့ဆရာ၀န်ကောင်မြန်မြန်ပျောက်သွားမှအေးမှာ မဟုတ်ရင် ငါ့သားတက်လမ်းကို အတားအစီး ဖြစ်နေလိမ့်မယ် "

နိုးလာသော ကြည်သာဟန်မှာ ထိုပြောစကားများကို တစ်၀က်တစ်ပျက်ကြားသွားကာ
" အဖေ ဘာတွေပြောနေတာလဲ ... "

ကြည်သာဟန်အဖေ ဖုန်းကိုချက်ချင်းပဲချလိုက်ပြီး
" ဘာမှမဟုတ်ဘူး..."

" ကျွန်တော့်ကိုမလိမ်နဲ့ ခန့်ငြားကိုတစ်ခုခုလုပ်ခိုင်းထားတာမလား..."

" မင်းဝင်ပါစရာ မလိုဘူး အသာနေစမ်း...။"

ကြည်သာဟန် သူ့လက်က ဆေးပိုက်တွေ ဆွဲဖြုတ်လိုက်ကာ
သူ့ဖုန်းကို လှမ်းယူလိုက်သည်။ဆေးထိုးပိုက်ကို အလျင်စလို ဆွဲထုတ်တာကြောင့် လက်မှသွေးများပင် စီးကျလာေလသည်။

" မင်းရူးနေလား အခုဘာလုပ်ဖို့စဥ်းစားနေတာလဲ "

" အဖေကမှ ရူးနေတာလေ... "
သားအဖ နှစ်ယောက်တစ်ယောက်တစ်ခွန်းအော်ပြောလိုက်ကြကာ
သူ့အဖေက သူ့လက်က ဖုန်းကိုဆွဲလုသည်။

" မင်း ရပ်လိုက်စမ်း...ငါ့ကိုဒုက္ခ ရောက်အောင်လုပ်ဖို့ကြိုးစားနေတာလား "

" မရပ်ဘူး အဖေခန့်ငြားကို ဒုက္ခရောက်အောင်လုပ်ရင် ရဲစခန်းတိုင်မှာ... "

ဖုန်းလေးကို သားအဖနှစ်ယောက်က သူတပြန်ကိုယ်တပြန် ဆွဲလုနေကြသည်။
ကြည်သာဟန်မှာလည်း အားနည်းနေသေးသည်မို့ မနည်းပြန်လုယူရသည်။

" မင်းအဲ့ကောင်ကြောင့် အဖေကိုထောင်ချမယ်ပြောနေတာလား..."
ကြည်သာဟန်အဖေမှာ ဒေါသတကြီးဖြင့် ပြောတော့

" ခန့်ငြားကို ထိခိုက်အောင်လုပ်ရင် လုံးဝခွင့်မလွှတ်နိုင်ဘူး။ "
ပြောရင်း ဖုန်းကို အားကုန်သုံးကာ လုယူပြီး အပြင်ကိုထွက်ပြေးသည်။
အပြင်မှာစောင့်နေသည့် သူ့အဖေ၏ လူနှစ်ယောက်ကလည်း ဆူဆူညံညံ အသံတွေကြောင့် အခန်းတွင်းသို့ ဝင်လာကြသည်။ကြည်သာဟန်အခြေအနေနှင့် သူတို့ကို တိုက်ခိုက်ဖို့လည်းမဖြစ်နိုင်ပေ။

Love Like Fire(OC)Where stories live. Discover now