43 ( လူသတ်သမားငှားခြင်း )

Start from the beginning
                                    

" ဘာမှမလုပ်နဲ့ အခုလိုပြတ်သွားတာလည်း အဆင်ပြေသွားတယ်။နောက်ပိုင်းအခြေကျသွားမှ တင့်တော်တဲ့ ကောင်မလေးတစ်ယောက်နဲ့..."

" အမေ တော်ပါတော့... သမီးရဲ့အိမ်ထောင်ရေးဘယ်လိုဖြစ်နေလည်း မြင်ရဲ့သားနဲ့ အခုချိန်ထိ အမေ့သဘောပဲလုပ်ချင်နေသေးတာလား။"
ရှိုင်းခက်ယံ အမေမှာ စိတ်ညစ်စွာဖြင့် စကားဖြတ်ပြောလိုက်သည်။

" ယံယံက အဲ့ကောင်လေးကိုအရမ်းချစ်တာ။အခုဒီလိုတွေအထိ ဖြစ်လာတာလည်း အားလုံးမြင်တာပဲ။ အရင်က ယံယံအဲ့ခန့်ငြားရိပ်ဆိုတဲ့ကောင်လေးအပေါ်အနိုင်ယူပြီးတော်တော်ဆိုးခဲ့တာတဲ့ အောင်အောင်ပြောတယ်။

အခုသူတော်တော်နောင်တရနေတာ ဟိုကလည်း သူနဲ့မပတ်သတ်ချင်တော့တဲ့အထိဖြစ်နေပြီ။ယံယံကလည်း တစ်မှိုင်မှိုင်နဲ့။ကျွန်မတို့ သူ့အနားမရှိပေးခဲ့တုန်းကတောင် ဒီလောက်ထိဆိုးဆိုးဝါးဝါးသူမဖြစ်ခဲ့ဖူးဘူး။အခုကလေးဘယ်လိုဖြစ်နေလဲ မြင်ကြတာပဲ မလား။အဲ့ဒါကိုအတင်းအကျပ် ဖိအားမပေးပါနဲ့တော့..."

သူ့သမီးကစို့နင့်စွာ ပြောလာတာကြောင့်
​ရှိုင်းခက်ယံ အဖွားမှာ စကားဆက်မပြောတော့ပေ...။ ထိုကြောင့် ရှိုင်းခက်ယံ အဖေကိုသာပြန်မေးသည်။

"ရှင်ရော ဘယ်လိုသဘောရလဲ...ယံယံကိစ္စ
ဘာပြောချင်လဲ..."

" ဒီကလေးက သူဖြစ်ချင်တာ အကုန်လုပ်နေတာပဲ ငါတို့တားလည်း မထူးဘူးမလား..."

" အဲ့ဒါထက် အဖေတစ်ယောက်အနေနဲ့ သားကgay တာကို လက်ခံပေးနိုင်ပြီလားမေးတာယောက်ျားတစ်ယောက်နဲ့ယူမယ်ဆို ဘယ်လိုသဘောရလဲ... "

ရှိုင်းခက်ယံ အဖေမှာ နည်းနည်းစိတ်ညစ်သည့်ဟန်ဖြင့် စဥ်းစားနေတာကြောင့်...

" ရှင်​တောင်မှ ရှင်ချစ်တဲ့သူကိုပဲ ယူချင်တာမလား။ကျွန်မလည်း ကျွန်မ ချစ်တဲ့သူကိုပဲယူတော့မှာ...ယံယံကိုလည်း ခွင့်ပြုပေးစေချင်တယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် တကယ်ချစ်ကြရင် ရပြီလေ... "

ဦးရှိုင်းထက်ယံမှာလည်း ငြင်းဆန်ခြင်း မပြုတော့ပေ...။
" ဟုတ်ပါတယ်.... မတားတော့ပါဘူး။ တားလည်းမတားနိုင်ပါဘူး။သူ့သဘောကျတာ လုပ်ပါစေတော့... မဟုတ်ရင်လည်း ဒီထက်ပိုဆိုးကုန်မယ်။
အရင်ကလို တစ်ခြားကောင်လေးတွေအများကြီးနဲ့ရှုပ်နေတာထက်...သူချစ်တဲ့ တစ်ယောက်ဆို တစ်ယောက်က ပိုအဆင်ပြေတယ်"

Love Like Fire(OC)Where stories live. Discover now