"ဒီလောက် မွှေပြီးတာတောင်မှ လုပ်ချင်ရာလုပ်၊ အိမ်ပြန်လာရဲသေးတယ်ပေါ့လေ"
"ငါတို့ကို လူလို့တောင် မသတ်မှတ်တော့ပုံပဲ"
"အပြစ်သားမှန်း ကိုယ်တိုင်လည်း နားလည်တာမို့
ဖေဖေ စိတ်ကြိုက်ကြိမ်းမောင်းနိုင်ပါတယ်
ကျနော့်မှာ ဒီအတွက်တော့ နောင်တမရှိဘူး""အီဟီဆွန်း!!"
တစစီကြေမွပျက်သုဥ်းရာအကွဲအရှများအားမသိကျေးကျွန်ပြုကာ ဒူးနှစ်ဖက်ကို ခွေလျက်၊ နဖူးတိုက်ခေါင်းငုံ့ရာမှ ဟီဆွန်း ရပ်လိုက်သည်။
ရှေ့မှောက်၌ တင်းမာတဲ့ လေဟာနယ်များကြား အသက်ကိုလုရှူနေပုံရသည့် ဖခင်ဖြစ်သူကို စေ့စေ့မကြည့်နိုင်တော့ပြီမို့။
ခြံတံခါးဘက်လှည့်ကာ တစ်နေရာဆီ ထွက်ပြေးလျက် ယာယီရှောင်ပုန်းဖို့သာ ဟီဆွန်းအတွေးဝင်မိရုံမှလွဲ ဖြေရှင်းစရာ
ရှာမတွေ့တော့ပေ။"ဂီတကိုရူးသွပ်ဆဲမို့ ကျနော် ဒီလမ်း ဆက်လျှောက်ဦးမှာပါဖေဖေ
အချိုးအကွေ့ အနည်းအကျဥ်းမတူတော့ရုံပါတစ်ခါတလေတော့ စွန့်လွှတ်တတ်တာဟာလဲ မှန်ကန်တဲ့ သတ္တိပဲလို့ဆိုခဲ့ဖူးတယ်မဟုတ်လား"
"မင်း!!!"
ရှင်သန်လာသည့်တစ်လျှောက် ဟီဆွန်းတစ်ခါမှ မရင်ဆိုင်ခဲ့ရဖူးတဲ့ အဖေ့ဒေါသများဟာ ဂျယ်ဂျူလေအေးထဲ လောင်မြိုက်စမပြတ်တော့။
နံဘေးခြံမှ နှင်းဆီချုံ၌သာ ဦးတည်ထားတဲ့ ဟီဆွန်းရဲ့အမြင်အာရုံဟာ တံခါးမထံ ရွေ့ ၍၊ တိမ်းရှောင်ခြင်းလမ်းစဥ်ကို ရွေးချယ်လိုက်သည်။
"သား လမ်းမမှားကြောင်းသက်သေပြချင်သေးတာမို့ ကျန်းကျန်းမာမာကျန်ရစ်ကြပါ
အဆင်သင့်ဖြစ်ရင် အိမ်ပြန်လာပါ့မယ်ဗျ""မလာနဲ့ !!
မင်းက ဒီနေ့ကစပြီး ငါ့သားမဟုတ်တော့ဘူး""ယောင်္ကျားရယ် စိတ်ကိုလျှော့
သားကြီး ဘာရပ်လုပ်နေတာလဲ
ညီလေးကို သွားဆွဲခေါ်လေ""ထားလိုက်ပါတော့ မေကြီးတို့ရယ်
ညီလေး သူ့ဘာသာအချိန်ယူစဥ်းစားပြီးနားပါစေ
သူ့လမ်း သူကိုယ်တိုင်ကျေနပ်ရင်ပြီးတာပါပဲ"
YOU ARE READING
in this corner of the Blues (complete)
Fanfictionthat bluey universe we were in my first ever 🍜z ff reup+