new/ ၁၃🦈

493 94 34
                                    

"ဟေ့ရောင် လာခဲ့"
"ကျက်ပြီ"

အူဒိုမီးပြတိုက်နံဘေးအခြေချကာ ဂျယ်ဂျူဒိုနေဝင် ဆည်းဆာထဲဂျယ်ယွန်းအရည်ပျော်ဝင်တုန်း၊

မြူနှင့်မီးခိုးနှောသည့် လေထုကိုဖြတ်၍ တစ်ကိုယ်တော် ထင်းဖိုနှင့်အလုပ်ရှုပ်နေသူ ဂျုံဆောင်းက လှမ်းခေါ်လိုက်ခြင်းဖြစ်၏။

နှာဖျားထဲအလုံးလိုက်ဝင်လာသော ကန်စွန်းဥဖုတ်ရနံ့။

မွှေးလိုက်လေခြင်း...။
နွေးရခြင်းပေလိမ့်။

"ဖြေးဖြေးချင်း စား"
"လျှာအပူဟပ်မယ်"

ကမ်းစပ်မှဝေ့သော ဆောင်းလေကို အံတုရတဲ့ လက်ကလေးတွေထံ ကန်စွန်းဥဖုတ်ဆီမှ အနွေးဓာတ် ထင်ကျန်လာသည်။

နှင်းစိုချင်သော ထင်းချောင်းတို့နှင့် ဂျုံဆောင်းအားခဲမတတ် မီးမွှေးထားတဲ့ မီးပုံနံဘေး သူတို့အတူတကွထိုင်လိုက်သည်။

မြက်ရိုင်းတချို့ပေါ် ဖင်ခုထိုင်ရခြင်းမို့ စူးရှရှ။ ဆောင်းရာသီရဲ့ ပိုးဖလံတို့လည်း တစွန်းတစ။

သို့သည့်တိုင် ဂျယ်ယွန်းနှင့် ဂျုံဆောင်းအဖို့ ရင်ထဲ လုံလောက်စွာနွေးနေသည်။

သူငယ်ချင်းတွေ အတူရှိရချိန်တိုင်းတွင် ဘယ်အရာကိုမှအကျည်းတန်စရာမရှိတော့ပေပြီဟုလည်းသူတို့ကရိုးရှင်းစွာတွေးမိ၊ငေးမိ၊ပျော်မိနေတတ်သည်။

"ဆောင်းဟွန်းရော"

"ဟွန်းဟွန်းက ကော်ဖီဖျော်ပြီးလာခဲ့မယ်ပြောတယ်"

ဂျုံဆောင်းက မြက်ခင်းပြင်ပေါ် ကျောအပြည့် လှဲလိုက်ပြီး ခွန်းတုံ့ပြန်၏။

မှောင်ရိပ်ဝင်လာပြီဖြစ်သော ကောင်းကင်ယံဆီ သူတို့နှစ်ဦးသား တွေဝေခြင်းအလျင်းမရှိ ပြိုင်တူ ငေးမောလိုက်သည်။

"ဂျယ်ယွန်း"
"ငါတို့ ကောလိပ်ဝင်ရဖို့ နှစ်ပတ်ပဲလိုတော့တာနော်"

"ဟုတ်ပါရဲ့"
"အချိန်တွေ လွန်တာမြန်လိုက်တာများ"

"ငါလေခုချိန်ထိကိုယ့်ကိုယ်ကိုယ်လူကြီးတစ်ယောက်ဖြစ်လာပြီလို့ သိပ်မခံစားမိသေးဘူး"

in this corner of the Blues (complete)Where stories live. Discover now