၁၁🦈

504 85 0
                                    

ပျိုမျစ်သော နေရောင်သည် ကျိုးတိုးကျဲတဲဖြာရာမှတဆင့် မှန်ပြတင်းဝဆီ 'စု၍'သောင်တင်လာသည်။

ကျောင်းတွင်းနှုတ်ဆက်ပွဲရှိသည်မို့ ဂျယ်ယွန်းကမှန်တင်ခုံရှေ့ကျကျနနထိုင်လျက် နုပျိုသော သူ့ညိုဖျော့ဖျော့ဆံစုတို့ကိုသံလွင်ဆီအနည်းငယ်ပွတ်လိမ်းနေ၏။

မကြာမီဆောင်းဟွန်းလာလျှင် အဖေ့ဆီကတဂျီဂျီခေါ်သံထွန်းမည်မို့ကမြန်းကတမ်းပြေးလွှားလျက်၊ စားလက်စခေါက်ဆွဲပြုတ်ပန်းကန်ကိုပင် မြဲမြံအောင်ကိုင်မထားပေ။

လက်တစ်ဖက်ဟာ အဝတ်ဗီရိုထဲလှန်လှောနေပြီး၊ ကျန်လက်တစ်ဖက်ကတော့ မနေ့ညတုန်းက တစ်ယောက်သောသူနှင့်စကားပြောခဲ့သမျှကိုကြည်ကြည်နူးနူးပြန်လည်စမြုံ့ပြန်နေတော့သည်။

"သားသားရေ"
"ဆောင်းဟွန်း စောင့်နေတယ်လေ"

အနက်ရောင်အခန်းလေးထဲကြည်နူးမှုတို့ ငါးမိနစ်စာမျှပင် သရဖူမဆောင်းရရှာ။ဧည့်ခန်းဝမှ ဆွတ်ပျံ့လာတဲ့အော်သံတို့ကနံနက်တာထဲ နာရီဒိုင်ခွက်မြည်သံထက်စိုးမိုးလာသည်မို့ပင်။

"လာပါပြီ ဖေကြီးရယ်"
"မိနစ်ပိုင်းလောက်နောက်ကျလို့ ကျောင်းတော်ကြီး ဂျယ်ဂျူထဲကနေထွက်မ​​ပြေးပါဘူးဗျာ"

ဗီရိုထဲကတစ်ထည်တည်းသော၊ တနည်းတဖုံကိုကိုဟီဆွန်းဆီကနေဓားပြတိုက်ခဲ့ခြင်းလည်းဖြစ်ပြန်သောbeanieပြာပြာလေးအားကပြာကယာမြန်းပြီးနောက် ဂျယ်ယွန်းက သူ့တစ်ကိုယ်လုံးကိုတစ်ပတ်ပတ်ကာ ဝေ့ရမ်း၏။

ယနေ့အဖို့ ခံစားမှုတို့ သူ့ထံကြည်လဲ့လွန်းသည်။

သာမန်ရိုးကျတနေ့တာပင်သော်ငြား လေယာဥ်ပြတင်းကနေ တိမ်လွှာထုတွေကို မြင်လိုက်ရသည့်နှယ် ဆွေ့ဆွေ့ခုန်မတတ် ဂျယ်ယွန်း လှိုက်ဖိုပျော်တော့သည်။

'ကိုကို'
'နိုးပြီလား'
'ကျနော် ကျောင်းသွားဦးမယ်'
'မနက်စာ စားဖို့မမေ့နဲ့နော်'
'Audition ကောင်းကောင်း​ဖြေခဲ့နော်'

ယခင်ကထက်အဆီအဖုပါးသထက်ပါးလာတဲ့ပါးပြင်လေးအား ကြေးမုံပြင်ပေါက်ထွက်မတတ်အားပါးတရစေ့စေ့စိုက်ကြည့်သည်။သူ့ကိုယ်သူပင် သဘောခွေ့မတတ် သူအားရမိသည်။

in this corner of the Blues (complete)Où les histoires vivent. Découvrez maintenant