new/ ၁၅🦈

357 87 21
                                    

လွမ်းဖျားတက်၍ အရက်နာကျခဲ့လွန်းမှုပင်လိမ့်။

အိပ်ရာခင်းအစအနအကြေများထဲ ဂျယ်ယွန်းက ဆစ်ခနဲကျင်လျက် နိုးထလာသည်။

ဂုတ်ပိုးအားမနိုင်မနင်းဆွဲပြီးအိမ်တံခါးဝအထိချပေးခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ပုံရိပ်ဟာ သူ့ခေါင်းထဲခပ်ရေးရေး။

ဆိုးလ်မတက်ခင် အမှတ်တရဟူ၍ ဂျုံဆောင်းရဲ့ အရက်ခိုးဝယ်ကာ ဒကာခံမှုအနေနှင့် ပထမဆုံး မြိုချကြည့်ရာကနေ ဆင့်ကဲလာတဲ့ ရမ္မက်များ၏ အကျိုးဆက်မည်တည်း။

ဝရံတာဆောင်ကနေ အလုံးလိုက်ဝင်လာသော ကမ်းစပ်လေထုရဲ့ လတ်ဆတ်မှုပင် ကိုက်ခဲနေတဲ့ သူ့ခေါင်းကို မကယ်နိုင်တော့ပေ။

ထိုအစား ဗြစ်တောက်ဗလပွဆန်သော ဆူသံတို့က နားစည်ထဲဆက်တိုက်ကူးလှိမ့်လာသည်။

" လူလေးကြည့်တော့ဖြင့်
ဟိုးမနေ့တနေ့ကမှဘီယာအနံ့စရှူတတ်တာကို!
နိုင်သလောက်မသောက်ဘဲ ဇွတ်သောက်တော့ အဲ့မယ်မူးပြီမှတ်လားခွေးလေးရဲ့"

"သြော် ဖေကြီးရယ်
အရက်သောက်မှတော့ မမူးတဲ့လူရှိမလားလို့"

"ထ"
"ဖိုထဲမှာ Seolleongtangချက်ထားတယ်
မျက်နှာသစ်ပြီး အမူးပြေသွားသောက်ချေ"

"အွန်းး ကျနော့်ကို ချီ"

တံခါးမအနား ရစ်သီရစ်သီနှင့် ရပ်နေသည့် အဖေ့ရဲ့ ကျောပြင်ထက် ပခုံးတင်လျက် ဂျယ်ယွန်းက အိလေးဖင့်စွာ ညည်း၏။

ခြောက်ဆယ်သို့ခြေလှမ်းဝင်စပြုပြီငြား၊

အရိုးအဆစ်များ ငယ်ငယ်ကလောက် မသန်မာတော့ပြီငြား၊

အဖေဟာသူ့ဘဝတစ်ခုလုံးပစ်တင်လိုက်လျှင်တောင်
ထမ်းတင်ဖို့တောင့်ခံဦးမည်ဟု ဂျယ်ယွန်းက ရံဖန်ရံခါ တွေးမိတတ်ပါသေးသည်။

"ဟိတ်ခွေးလေး ဖယ်စမ်း
ငါ မင့်အဖေဟ
အီဟီဆွန်းထင်နေလား"

"ဖေကြီးမို့ပေါ့
ကိုကိုသာဆို ကျောပေါ်တက်ခွပစ်တာကြာပြီ"

"ရည်းစားကိုလဲ အနိုင်ကျင့်တာပဲလား"

"ကြည့်ကြပ်လုပ်
ဟိုက ကြောက်ပြီး ထွက်ပြေးသွားလို့ သောက်သည်းကွဲရင် ငါက သက်သက်မဲ့ အရက်ဖိုးက ထပ်ကုန်ဦးမယ်"

in this corner of the Blues (complete)Where stories live. Discover now