အပိုင်း-4

191 36 2
                                    

Unicode Ver:

နွေဦး နွေ ဆောင်းဦး ဆောင်း စတဲ့ရာသီတွေကအလီလီပြောင်းရွှေ့ပြီးတဲ့နောက်မှာတော့
ကင်မ်ဆော့ဂျင်းသည် J Group၏တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်လာဖို့ရာရွေးချယ်ခံရသည်။

အခုသူက ထိုကုမ္ပဏီမှာပဲ လေ့လာရေးသဘောနဲ့အလုပ်ဝင်ရသည်။
Aston Martin မီးခိုးရင့်ရောင်ကားလေးက အပေါက်ဝရှေ့ရပ်တန့်လိုက်ပြီဆိုတာနဲ့ ငေးကြည့်နေသည့် ဝန်ထမ်းတစ်ချို့တွင်ယောကျာ်းလေးများရောမိန်းကလေးများကပါတီးတီးတိုးတိုးပြောကာငေးနေကြခြင်းပင်။

အမြဲကြုံနေရတဲ့ကိစ္စမို့လို့လဲဆော့ဂျင်းအတွက်အကြောင်းမဟုတ်တာကြောင့်ထိုလူတွေကိုကျော်တက်ကာ ပိတ်ခါနီးဓာတ်လှေကားပေါ်တွင်လက်တစ်ဖက်ကိုလှမ်းတားရင်း ခေါင်းအနည်းငယ်ညွှတ်ကာဝင်လိုက်သည်။

"ဟေး ဆော့ဂျင်း!"

နမ်ဂျွန်းကတော့သူ့ကိုမြင်တော့နှုတ်ဆက်ရင်းပြုံးပြသည်။ နမ်ဂျွန်းအဖေက သူတို့J Groupရဲ့ရှယ်ယာဝင်တစ်ဦးလဲဖြစ်တာကြောင့် ကျောင်းပြီးတဲ့အချိန် နမ်ဂျွန်းပါသူနဲ့အတူ အလုပ်ကိုအတူဝင်ရတာဖြစ်၏။ကျောင်းတုန်းကပုံစံနဲ့အနည်းငယ်ကွာလာတဲ့နမ်ဂျွန်းကပိုပြီးတည်ငြိမ်လာသည်။
မျက်မှန်ကလဲမတပ်ဖြစ်တော့တာကြောင့် သူ့ရဲ့မျက်နှာအချိုးကျကသေချာပုံပေါ်လာသလိုပင်။

ဒါ့အပြင် အပြင်လောကအကြောင်းကိုလည်သွားတဲ့နမ်ဂျွန်းက မိန်းကလေး ယောကျာ်းလေးအစုံနှင့်ရောနှောနေသည်။One night stanတွေကလဲသူ့မှာများသည်။

"မင်းနောက်ကျတာလား?"

ဝန်ထမ်းတွေအကုန်ဆင်းသွားတဲ့အချိန်မှာတော့ဓာတ်လှေကားထဲတွင်သူနဲ့နမ်ဂျွန်းသာကျန်သည်။

" ဒါကငါ့ပုံမှန်ချိန်ပဲနမ်ဂျွန်း မင်းသာ ဘယ်တစ်ယောက်ကအဆင်မပြေလို့အစောကြီရောက်လာတာလဲ??"

"အဆင်မပြေတာမဟုတ်ဘူး ငါမှားသွားသလိုခံစားခဲ့ရလို့"

ဆော့ဂျင်းကတော့ကြားရတဲ့သူ့နားရေးသန့်သန့်လေးနဲ့ပြန်ဆေးချမှပဲရတော့မည်ဟုတွေးမိသည်အထိ။ဒီကောင်ကအိပ်ရေးမဝလို့များရူးကြောင်ကြောင်တွေပြောနေလားမသိ။

왜 나야?? Why Me??(Z+U)Where stories live. Discover now