Chapter (4)

46 5 1
                                    

"Hello"

Jaeminတစ်​ယောက် fbမှာ ဟိုကြည့်ဒီကြည့်လုပ်​နေရင်း messageဝင်လာတာ​တွေ့လိုက်သည်။

ပြန်ပို့လိုက်ရင် ​ကောင်းမလား........မပို့တာပဲ​ကောင်းပါတယ်။ မိတ်ဖွဲ့လိုက်ရင် ​နေတိုင်းစာပို့​နေရဦးမယ်။

"အခန်းနံပါတ်၁က Na Jaemin ဟုတ်တယ်မလား"

စာပြန်မပို့ဖို့စဥ်းစား​နေတဲ့အချိန် တစ်ဖက်ကပို့လာတဲ့စာ​ကြောင့် စာပြန်မပို့လို့မဖြစ်​တော့။

"အခု​ပြော​နေတာ ဘယ်သူလဲမသိဘူး"

"ဒီတိုင်း လူတစ်​ယောက်ပါပဲ"

ဘာတုန်း လူကသူ​ပြောမှ သိမှာလား။ ​နေပါဦး။ ငါ့အခန်းနံပါတ်ကိုသိပုံ​ထောက်ရင် အတန်းထဲက လူတစ်​ယောက်​ယောက်များလား။

Jaemin ထိုသို့ ​တွေးရင်း စာပို့လာသူ၏ profileကိုဝင်ကြည့်လိုက်သည်။

"그냥 사람이야"
Bio - 뭐봐?

တကယ်ကြီးကို နာမည်က "ဒီတိုင်း လူတစ်​ယောက်ပါပဲ"တဲ့လား။

"အ​​ကောင့်နာမည်မဟုတ်ပဲ နာမည်ရင်း​ပြောပြပါ"

"ကိုယ်​မေးထားတာ​တောင် မ​ဖြေရ​သေးပဲနဲ့"

"ကျွန်​တော်က ဘယ်သူမှန်း ​သေ​သေချာချာ မသိတဲ့ လူတစ်​ယောက်ကို စကားမ​ပြောတတ်ဘူး"

"ကိုယ် ထပ်​မေးမယ်dreamက Na Jaemin​သေချာတယ်မလား"

"မဟုတ်ဘူး"

"나재민လို့ ​ရေးထားတဲ့ဟာကို မဟုတ်ဘူးတဲ့လား"

"Na jaeminဟုတ်တာ ​သေချာ​ပေမယ့် dreamကမဟုတ်ဘူး"

"아....အဲလိုလား"

"ခများ မယုံလဲ​နေ​ပေါ့, ဒါနဲ့ ခများက​ရော dreamကလား"

"မင်းလည်းအဲ့ဒီကမဟုတ်ဘူးဆို​တော့ ငါလည်းမဟုတ်ဘူး​ပေါ့ကွာ"

"ဟာ ဘာမှလည်းမဆိုင်ပဲနဲ့! ကျ​တော်မဟုတ်တိုင်း ခများကမဟုတ်စရာလား"

"မင်းလည်းမ​ပြောပြချင်ဘူးမဟုတ်လား ကိုယ်တို့ တစ်​ယောက်ကိုတစ်​ယောက်identityဝှက်ပြီး ခင်ကြည့်ရ​အောင်။ စိတ်ဝင်စားဖို့ ​ကောင်းတယ်မလား"

"ခင်တာက​တော့ရပါတယ် ကျ​တော့မှာ သူငယ်ချင်းကသိပ်ရှိတာမဟုတ်​တော့ အပျင်း​ပြေတာ​ပေါ့"

You've reached the end of published parts.

⏰ Last updated: Aug 05, 2023 ⏰

Add this story to your Library to get notified about new parts!

LOVE SECRETLY (တိတ်တဆိတ် ချစ်​နေမယ်)Where stories live. Discover now