Chapter(2)

64 5 0
                                    

" အဲဒီ​တော့ နင်ကသူ့စာသင်ခန်းကိုမသိဘူး​ပေါ့"

ယခုသူမနှင့်ကျွန်​တော် ဖုန်း​ပြော​နေခြင်းဖြစ်သည်။

"အင်း နင်ကလည်း သူ့စာသင်ခန်းကိုရှာရမှာခက်မယ်မထင်ပါဘူး။ သူကအရမ်းနာမည်ကြီးတာ"

"ဒါဆိုလည်း နင့်ဘာသာနင်ရှာ​ပေါ့ ဘာလို့ငါ့ကိုလာခိုင်းလဲ"

"နင်ကလည်း ငါ့ကိုကူညီမယ်ဆိုပြီး စကားကိုဘုကလန့်​တွေချည်း ​ပြော​နေတယ်။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုကူညီ​ပေးဖို့ စိတ်မကြည်ဘူးလား"

ကိုယ့်crushရဲ့ crushအ​ကြောင်း စုံစမ်းရမှာဘယ်သူက စိတ်ကြည်နိုင်မှာလဲ

"အေးပါ ငါကြည့်လုပ်လိုက်မယ်။ အဆင်​ပြေသလို​ပေါ့ ဒါပဲ​နော် ငါဖုန်းချလိုက်​တော့မယ် အခု​ကျောင်းဝင်းထဲ​ ရောက်​တော့မှာမို့လို့"

"အော် နင်ကားထဲမှာလား"

"အင်း​လေ"

"ငါကအိမ်က​နေ ​ပြော​နေတယ်ထင်တာ။ နင်​ကျောင်းသွားတာ နည်းနည်းများမ​စော​နေဘူးလား"

"ဒါပုံမှန်အချိန်ပဲမဟုတ်ဘူးလား"

"အခြားလူ​တွေအတွက် ပုံမှန်အချိန်ဆို​ပေမယ့် နင့်အတွက်မဟုတ်ဘူးမှတ်လား ခါတိုင်းနင်က​ကျောင်းတက်ခါနီး​လောက်မှသွားတာ​လေ"

"နင့်လူကိုရှာဖို့ ငါ​စော​စောသွားရတာ​ပေါ့"

"အင်းပါ ကြိုးစား​ပေးလို့ ​ကျေးဇူးပါ။ ငါဖုန်းချလိုက်​တော့မယ် bye"

📞📞📞📞📞📞📞📞📞📞📞📞📞📞📞📞

DREAMအထက်တန်း​ကျောင်း၊ ဆရာခန်း.............

"ဒီက​ကျောင်းသားက ဘာရမ်းက​နေ​ပြောင်းလာတာ​ပေါ့ ကြည့်ရသ​လောက်ဆိုရင်အဆင့်​တွေကမဆိုးပါဘူး"

ကျွန်​တော့အ​ရှေ့မှာ ကျွန်​တော့ရဲ့စာရွက်စာတမ်း​တွေကိုကြည့်​နေတဲ့ဆရာက သူ့ဘေးမှာရပ်​နေတဲ့ ​ကျောင်းသားကိုလှည့်ကြည့်ရင်း​

"ဒါက အခန်း(1)ရဲ့ ​ခေါင်း​ဆောင်။ သူကအခန်း​နေရာလိုက်ပြ​ပေးလိမ့်မယ် သူ့​နောက်ကလိုက်သွားလိုက် na jaemin"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

LOVE SECRETLY (တိတ်တဆိတ် ချစ်​နေမယ်)Where stories live. Discover now