Chapter(3)

65 6 0
                                    

Wahh....​ချောလိုက်တာ။
တကယ်ကြည့်​ကောင်းတာပဲ။
ဒါ​ကြောင့်လည်း jieunကြိုက်တာ​ပေါ့။
ဒီကြားထဲpersonalityပါထပ်​ကောင်းရင်​တော့ လုံးဝကို perfect manဖြစ်​​နေမှာ။

စာသင်ချိန်တစ်​လျှောက်လုံး jaemin က သူ့အ​ရှေ့ခုံရဲ့ ဘယ်ဘက်မှာ ထိုင်​နေ​သော jenoအား စိုက်ကြည့်​နေမိ၏။

ဘယ်လိုလုပ်ရင်​ကောင်းမလဲ။ Ahhh စိတ်ဆင်းရဲလိုက်တာ။ အစကတည်းက သ​ဘောမတူခဲ့သင့်တာ။ ​တော်​တော်​ကောင်းကျိုး​ပေးတဲ့ jieun။

"ဟိတ်စာမှာအာရုံစိုက်​လေ"

​နောက်မှာထိုင်​နေ​သောhaechanက jaeminရဲ့​ဆံပင်ကိုဆွဲဖွ၍ တိုးတိုး​လေး​ပြော၏။ haechanရဲ့ ရုတ်တရပ် အပြုမူ​ကြောင့် jaeminက​နောက်လှည့်ကြည့်လိုက်၏။ ရလဒ်အ​နေနှင့် မျက်စိတစ်ဖက်မှိတ်ပြ​သောhaechanကိုသာ ​တွေ့လိုက်ရ၏။

"ငါကြုံ​နေရတဲ့ ပြဿနာက lee jenoတင်မဟုတ်ဘူး
​နောက်ကတစ်​ယောက်လဲ ပါတယ်။ ​စ​ရောက်ကတည်းက ​အေး​အေး​ဆေး​ဆေးထိုင်ရတယ်မရှိဘူး။ ဒါ​တောင်မိနစ်ပိုင်း​လေးပဲ ​တွေ့ရ​သေးတာ။" jaeminက မျက်စိမှိတ်ပြ​သောhaechanကို မမြင်ချင်​ယောင်​ဆောင်၍ အ​ရှေ့ပြန်လှည့်ကာ ထိုသို့​တွေး​တော​နေခြင်း ဖြစ်၏။

"ကဲ ကဲ ဒီ​နေ့​တော့ဒီ​လောက်ပဲ စာအုပ်သိမ်းလို့ရပြီ အိပ်​နေတဲ့​ကောင်​တွေလည်းထလို့ရပြီ​နော် ငါစာသင်ပြီးသွားပြီ"
ဆရာကထိုသို့​ပြောမှ jaeminလည်း စာသင်ချိန်တစ်​လျှောက်လုံးစာ၌ စိတ်မပါ​နေ​သော ကိုယ့်အဖြစ်ကို သတိထားမိသွား၏။
"ဒုက္ခပါပဲ ​နောက်တစ်ချိန်ကျရင်​တော့ ​သေချာစိတ်နှစ်ပြီးစာသင်ရမယ်။ "

ထိုသို့​တွေး​နေချိန်မှာပင် ကျောက်သင်ဖုန်း​ပေါ်​ပေတံဖြင့်​ခေါက်လိုက်​သောအသံ​ကြောင့် ​ကျောက်သင်ဖုန်း​ရှေ့တွင်မတ်တပ်ရပ်​နေ​သော markကိုကြည့်လိုက်၏။

ဤအချိန်တွင် ​ကျောင်းသားအားလုံး၏ အာရုံကား mark ဆီတွင် ရှိ​နေ​လေ၏။

"နောက်တစ်ချိန်က scienceချိန်ဆို​တော့ လက်​တွေ့ခန်းမှာသင်ရမှာ အခုလိုအပ်တဲ့စာအုပ်​တွေယူပြီး သွားရမယ်။ တစ်ဝိုင်းကို​သုံးယောက်ပဲထိုင်ရမှာ​နော်"

LOVE SECRETLY (တိတ်တဆိတ် ချစ်​နေမယ်)Where stories live. Discover now