Part (16)

844 55 14
                                    

Unicode

seoulမြို့ရဲ့ ဆောင်းမနက်ခင်း...။ ဟိုဟိုဒီဒီအဖြူရောင် နှင်းစက်တို့နေရာယူထားသည်မို့ လမ်းမထက်နှင့် သစ်ကိုင်းခတ်တို့မှာ အဖြူရောင်အစိုင်အခဲလေးတွေ နေရာယူလေပြီ။

အစိမ်းရောင်အပြင်အဆင်များနှင့် အခန်းအတွင်း အိပ်ရာထဲမှ လူနှစ်ယောက်ဟာ ပွေ့ဖက်ရင်း အိပ်စက်နေကြသည်။

ဖုန်းrintoneသံကြောင့် မျက်ခုံးတို့ တွန့်ချိုးသွားရရင်း

''JJK မင်းဖုန်း''

မျက်လုံးပင်မဖွင့်မိ jungkook လက်မောင်းကိုပုတ်ကာ taehyungအိပ်ချင်မူးတူးပြောနေသည်။

တုတ်တုတ်ပင်မလှုပ်သည့် jungkookနှင့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့် taehyung တို့ကြား ဖုန်းကလဲ အဆက်မပြတ်ကို အော်မြည်နေသည်။

Contact name မှာ Hobi hyung ။

၁၅မိနစ်ခန့် ကိုင်သူမဲ့နေသည့် ဖုန်းမှာ jungkook နိုးလာမှပဲ အသံတိတ်ရတော့သည်။

'Hyung ပြော'

'kookie အခုဘယ်မှာလဲ...။taehyung အိမ်မှာလား'

'hyung ကဘယ်လိုသိတာလဲ'

'မနေ့က taehyungနဲ့လျှောက်သွားနေတဲ့ပုံတွေ Twitter မှာပျံ့နေပြီ'

ဖုန်းထဲက hoseok အသံမှာ ခပ်ကျယ်ကျယ်ပင်

'mediaတွေကလည်း JK dating new ဆိုပြီး အလုအယက်ရေးနေကြပြီ။သတင်းထောက်တွေလည်း kookie အိမ်ရှေ့ရောက်နေတယ်'

'ကျွန်တော် ကုမ္ပဏီကိုပဲတန်းလာလိုက်ရမလား'

'taehyungရဲ့ apartment ကလူသိပ်မသိတော့ အဲ့ကိုတော့ သူတို့မရောက်လောက်သေးဘူး ထင်ပါတယ်'

'အခုပဲလာခဲ့တော့။ဒီရောက်မှ ဘာလုပ်သင့်လဲစဥ်းစားကြမယ်'

'ဟုတ်ကဲ့ hyung ။ကျွန်တော် အခုထွက်ခဲ့ပါ့မယ်'

ဖုန်းကိုကိုင်ရင်း ဖြစ်ပျက်သမျှကိုတွေ့မိတော့ ဒီလောက်ရုက်ဖျက်ထားတာကိုပင် မှတ်မိနေသည့် fanတွေကို သူအထင်တော့ကြီးမိသွားသည်။

''ဘာဖြစ်လို့လဲ JJK ''

အိပ်ယာနိုးလာသည့် taehyungအနား ပြန်ဝင်ထိုင်ရင်း

''Twitter မှာ မနေ့က ကျွန်တော်တို့နှစ်ယောက် dateနေတာကို တွေ့ပြီး တင်ထားတွေရှိနေလို့ ပွက်လောရိုက်နေကြတယ်တဲ့''

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now