Part (14)

799 64 20
                                    

Unicode

ကားပါကင်ကနေအခုထက်ထိ မရွေ့သေးသည့် သူတို့နှစ်ယောက်က ကားခေါင်းခန်းကနေ အနောက်ခန်းသို့ပါ ကျောက်ချနေမိသည်။

''မင်းအလုပ်တွေများတော့မှာဆို''

kim taehyung ဒီနေ့ဘာဖြစ်နေတယ်မသိ အဲ့အင်္ကျ်ိီလက်ရှည်နှစ်ခုကို လုံးချေပြီးကို ပြောနေတော့တာ

''ဟုတ်တယ် နောက်album အတွက် လုံးပန်းရအုံးမယ်လေ''

''ငါ့ကိုရော လာတွေ့မှာလား''

jungkookပုခုံးပေါ်လှဲချရင်း လက်ကလဲပုခုံးကိုသိုင်းဖက်ထားသေးသည်။

''ညဘက်ပဲအားမယ်ထင်တယ်...လာရမလား''

''ဟွန့်...''

အမေးကို အမေးနှင့်ပြန်ဖြေနေသည့် jungkook ကြောင့် taehyung ဖက်ထားသည်ကိူလွှတ်လိုက်ပြီး တစ်ဖက် ကားပြတင်းပေါက်ဘက် တိုးကပ်ကာ နှုတ်ခမ်းတဆူဆူ

''ဟော...ဒါကဘာဖြစ်တာတုန်း ခင်ဗျားရဲ့''

taehyung လုပ်နေသည့်ပုံကို သဘောတကျပြုံးရင်း jungkookမေးသည်။

''မင်းကအလုပ်များနေတဲ့အချိန် အားနေတဲ့ငါကပဲ မင်းကိုလွမ်းနေရမယ်ဆို မတရားဘူးမလား''

''Kim Taehyungက ဒီလိုလည်း ချွဲတတ်ပါတယ်ပေါ့လေ''

''ဟွန့်''

''စက္ကန့်မလပ်ကိုလွမ်းနေမှာဗျာ သိလား
ခင်ဗျားကအတွေးထဲ နှလုံးသားထဲအမြဲရှိနေတာကို မလွမ်းပဲနေပါ့မလား''

''ပြီးရော''

ထိုတော့မှ ရင်ခွင်ထဲလှဲလျောင်းလာသည့် Kim Taehyung။ ဒီလူက နားလည်ဖို့ကြိုးစားသင့်တဲ့သူမဟုတ်ပဲ သူ့ပုံစံလေးအတိုင်းကြည့်နေရရင်း သူ့အပေါ်ပဲ ပျော်ဝင်သွားစေတာမျိုး...။

တပြိုင်ထဲမှာ ခန့်ညား လှပခဲ့သလို ဆွဲဆောင်မှုရှိလွန်းတဲ့ ဒီလူရဲ့ ယခုအပိုင်းမှာ ချစ်စရာကောင်းခြင်းအတိလွှမ်းခြုံသည်။

''ချစ်ဖို့ကောင်းလိုက်တာ ကျွန်တော့်ရည်းစားက''

ပါးလေးနှစ်ဖက်ကို ခပ်ဖွဖွညှစ်ကာပြောလိုက်ခြင်း ။

''ငါ့ရည်းစားမင်းကလည်း ခန့်ညားလိုက်တာ''

နှစ်ယောက်သား လိပ်ကလေးတွေလုပ်အပြီးမှာ jungkookကနာရီပြန်ကြည့်မိတော့ မိုးလဲချုပ်နေပြီမို့

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now